Monday 22 July 2024

မိုးကုတ်မြို့ စစ်ကောင်စီစခန်း သိမ်းပိုက်ရာ စကစ ၂၀ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ



 ◼️မိုးကုတ်မြို့ စစ်ကောင်စီစခန်း သိမ်းပိုက်ရာ စကစ ၂၀ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ


၂၂ ဇူလိုင် ||| နွေဦးအသံ |||


မန္တလေးဒေသ၊ မိုးကုတ်မြို့အရှေ့ပိုင်း ပန်မထိပ်ရွာအနီးနဲ့ အကျဉ်းထောင်ရှိ အကြမ်းဖက်စစ်ကောင်စီစခန်းကို TNLA နဲ့ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့က ဇူလိုင် ၂၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စကစ ၂၀ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


စခန်းသိမ်းပိုက်ရာ လက်နက်ငယ် ၅ လက်၊ ဒရုန်း ၁ စင်းနဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။


နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့က ဆက်လက် တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး တဲခေါ်ရွာရှိ စစ်ကောင်စီ စခန်းကိုလည်း ဇူလိုင် ၂၂ ရက်၊ နေ့လယ် ၁ နာရီခန့်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ကျောက်မဲမြို့နယ်ရှိ အေးရှားဝေါဂိတ်နဲ့ နမ့်ဆီလင်းဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို TNLA တပ်ဖွဲ့က လိုက်လံရှင်းလင်းရာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA မှ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...