Sunday 28 July 2024

မတူပီမြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးသွားသော စစ်ကောင်စီဘက်တော်သား ၁၂၀ ဦးဝန်းကျင်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ၊ ထွက်ပြေးသူများကို ဆက်လက် ရှင်းလင်း ဖမ်းဆီးနေ




 မတူပီမြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးသွားသော စစ်ကောင်စီဘက်တော်သား ၁၂၀ ဦးဝန်းကျင်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ၊ ထွက်ပြေးသူများကို ဆက်လက် ရှင်းလင်း ဖမ်းဆီးနေ


ရန်ကုန်၊ ဇူလိုင် ၂၈ 


ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေး သွားသော စစ်ကောင်စီဘက်တော်သား ၁၂၀ ဝန်းကျင်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိပြီး ဒုတိယအသုတ်အဖြစ် ဆက်လက်ဖမ်းဆီးခြင်းနှင့် ထွက်ပြေးလွတ်မြောက်နေသူများကို ဆက်လက် ရှင်းလင်းနေကြောင်း ချင်းညီနောင်က ကြေညာသည်။ 


ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးတွဲ စစ်ဆင်ရေးအဖြစ် ချင်း ပြည်နယ်၊ မတူပီမြို့ရှိ ခမရ ၃၀၄ ၊ ခလရ ၁၄၀ နှင့် မတူပီ အခြေချ စစ်ဗျူဟာတို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၂၉ ရက်နေ့တွင် အဆိုပါစခန်းများကို အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ 


မတူပီမြို့သိမ်းတိုက်ပွဲတွင် အသက်လုထွက်ပြေးသွားသော စစ်ကောင်စီတပ် သားများ၊ တပ်မိသားစုဝင်များ၊ အရပ်ဘက်ဝန်ထမ်းများ စုစုပေါင်း ၁၂၀ ဦးဝန်းကျင်ကို ဇူလိုင်လ ၁၇ ရက်နေ့တွင် လက်နက်ခဲယမ်းများ၊ စစ်အသုံး အဆောင်များနှင့်အတူ ပထမအသုတ်ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။ 


ဇူလိုင်လ ၂၅ ရက်နေ့တွင်လည်း ထွက်ပြေးလွတ်မြောက်နေသော လက်ကျန်စစ်သုံ့ပန်းများ၊ တပ်မိသားစုဝင်များ ပါဝင်သော စစ်ကြောင်းနှင့် ၂ နာရီကြာ ထပ်မံ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒုတိယအသုတ်အဖြစ် စစ်သုံ့ပန်းများ ထပ်မံ ဖမ်းဆီးရရှိခဲ့ကြောင်း၊ အခြားထွက်ပြေး လွတ်မြောက်နေသူများကိုလည်း ဆက်လက် ရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။ 


ဖမ်းဆီးရရှိသူသော စစ်သုံ့ပန်းများတွင် အစာငတ်ပြတ်ခြင်း၊ ဆေးဝါးမရှိခြင်းနှင့် တိုက်ပွဲအတွင်း ပြင်းထန်ဒဏ်ရာများဖြင့် သေဆုံးသူတချို့ရှိကြောင်း၊ စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥ့ပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...