Wednesday 31 July 2024

လားရှိုးသို့ တန့်ယန်းမှ စစ်ကူလာသော အင်အား ၃၀၀ ရှိ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၅၀ ကျော်သေဆုံးပြီး ရာချီ ဒဏ်ရာရ ၊ စစ်ကူစစ်ကြောင်း ပျက်စီးသွား ကစဉ့်ကလျားဖြစ်




 လားရှိုးသို့ တန့်ယန်းမှ စစ်ကူလာသော အင်အား ၃၀၀ ရှိ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၅၀ ကျော်သေဆုံးပြီး ရာချီ ဒဏ်ရာရ ၊ စစ်ကူစစ်ကြောင်း ပျက်စီးသွား ကစဉ့်ကလျားဖြစ်


ရန်ကုန်၊ ဇူလိုင် ၃၁


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်သို့ တန့်ယန်းမှ စစ်ကူသွားသော စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅၀ ကျော်သေဆုံးပြီး ရာချီ ဒဏ်ရာရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ 


ဇူလိုင်လ ၂၉ ရက်နေ့ တန့်ယန်းမြို့နယ်မှ နမ့်မူဆယ်၊ နောင်လိုင်တို့ကို ဖြတ်သန်းပြီးလားရှိုးဘက်သို့ စစ်ကောင်စီတပ် အင်အား ၃၀၀ ဝန်းကျင် စစ်ကားကြီး ၁၅ စီးဖြင့် ထွက်သွားကြောင်း ၊ အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဇူလိုင်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း လားရှိုးမြို့နယ် မန်ပန်နှင့် ဟိုနားကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်များ ဖရိုဖရဲ ဖြစ်ပြီး ဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ လတ်တလော စာရင်းများအရ စစ်တပ်ဘက်မှ ၅၀ ကျော် သေဆုံးပြီး ရာချီဒဏ်ရာရရှိကြောင်း၊ စစ်ကူ စစ်ကြောင်းတစ်ခုလုံး ကစဉ့်ကလျားဖြင့် ထွက်ပြေးသွားကြောင်း သိရှိရသည်။ 


"MNDAA နဲ့ BPLA နဲ့ မဟာမိတ်တပ်တွေက ကြားကနေ စောင့်ပြီး တိုက်တာ။ သူတို့ တက်လာကတည်းက ဒီဘက်မှာ သတင်းတွေက ရတော့ ကြားဖြတ်တိုက်တာ ကားကြီး ၁၅ စီးလောက်ရှိမယ်။ ကားတွေ မီးလောင် တယ်။ စစ်သားတွေလည်း သေတာ ၅၀ ကျော်လောက်ရှိမယ်။ ဒဏ်ရာရတဲ့သူတွေ တင်ပြီး နောက်ကြောင်း ပြန်ဆုတ်သွားတယ်" ဟု တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။ 


အကြမ်းဖက်စစ်ကောင်စီတပ်က လက်ရှိ လားရှိုးတွင် တိုက်ခိုက်ခံနေရသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို စစ်ကူပေးရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသော်လည်း တော်လှန်ရေးတပ်များ၏တိုက်ခိုက်မှုများကြောင့် စစ်ကူမသွားနိုင်တော့ဘဲ ဖြစ်နေရကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- ဇူလိုင်လ ၂၉ ရက်နေ့ တန့်ယန်းမှ ထွက်ခွာသော စစ်ကူစစ်ကြောင်းမှ စစ်ကားများနှင့် တိုက်ခိုက်ခံရပြီးနောက် ပျက်စီး သေဆုံးနေသော စစ်သားများနှင့်စစ်ကားများ။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...