Monday 29 July 2024

လားရှိုးရှိ အမှတ် ၇၀၀၅ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၂၄၂ စစ်လက်နက်တပ်ရင်း၊ စစ်တပ်ဂေါက်ကွင်းတို့ကို သိမ်းပိုက်၊ သံချပ်ကာကားနှင့်လက်နက်ခဲယမ်းအများအပြားရရှိ




 လားရှိုးရှိ အမှတ် ၇၀၀၅ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၂၄၂ စစ်လက်နက်တပ်ရင်း၊ စစ်တပ်ဂေါက်ကွင်းတို့ကို သိမ်းပိုက်၊ သံချပ်ကာကားနှင့်လက်နက်ခဲယမ်းအများအပြားရရှိ


ရန်ကုန်၊ ဇူလိုင် ၂၉ 


လားရှိုးရှိ အမှတ် ၇၀၀၅ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၂၄၂ စစ်လက်နက်တပ်ရင်း၊ စစ်တပ်ဂေါက်ကွင်းတို့ကိုယနေ့ ထပ်မံ သိမ်းပိုက်ပြီး သံချပ်ကာကားနှင့်လက်နက်ခဲယမ်းအများအပြားရရှိကြောင်း BPLA က သတင်းထုတ်ပြန်သည်။ 


ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့နှင့် ဇူလိုင်လ ၂၈ ရက်နေ့တို့တွင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့် ဗမာပြည်သူ့လွတ်မြောက် ရေး တပ်တော် (BPLA)တို့ပါဝင်သော မဟာမိတ်တပ်ပေါင်းစုက လားရှိးမြို့ အခြေ စိုက် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၇၀၀၅ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ အမှတ် ၂၄၂ စစ်လက်နက်တပ်ခွဲနှင့် တပ်မတော်ဂေါက်ကွင်းတို့မှ စစ်ကောင်စီတပ်များကို အပြီးတိုင် တိုက်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ 


BPLA ၏ ထုတ်ပြန်ချက်များအရ တပ်ရင်းများ သိမ်းပိုက်ရရှိမှုတွင် သံချပ်ကာကားနှင့် စစ်လက်နက်ခဲယမ်းအများပြား ပါဝင်သည်ကို တွေ့ရှိရသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...