Saturday 6 July 2024

ရွာငံမှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁၂ ယောက်ထက်မနည်း သေဆုံး...


 ရွာငံမှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁၂ ယောက်ထက်မနည်း သေဆုံး... 


စစ်တပ်ဆီက သေနတ် ၆ လက်နဲ့ စစ်အသုံးအဆောင်တွေအပြင် မူးယစ်ဆေးဝါးတွေပါ သိမ်းဆည်းရမိ... 


ဇူလိုင် ၆ ၊ ၂၀၂၄ 


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်မှာအင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာစစ်သား ၁၂ ယောက်ထက်မနည်း သေဆုံးပြီးလက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးတွေကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ( Ywangan PDF - JPRF ) အဖွဲ့ဆီက သိရပါတယ်။ 


ဇူလိုင် ၅ ရက် မနက်အစောပိုင်းက အင်အား ၄၀ ပါစစ်ကား ၂ စီးနဲ့ အင်အား ၂၀ ပါခြေလျင်စစ်ကြောင်းတို့ကို ရွာငံမြို့နယ်၊ ရေချမ်းရွာနဲ့ ၀က်ကဘူးရွာကြား လမ်းပိုင်းတစ်နေရာမှာ ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ နဲ့ အမှတ် (၅၁၅) PDF ရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 


အဲ့ဒီနောက် ၁ နာရီကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အများအပြားထိခိုက်သေဆုံးခဲ့သလို ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့က ရဲဘော် ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 


ဒါ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့ G3 သေနတ် ၂ လက်၊ ၇၉ သေနတ် ၂ လက်၊ AK47 ၁ လက်နဲ့ AK P22 ၁ လက်အပါအဝင် စုစုပေါင်းသေနတ် ၆ လက်နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေအပြင် မူးယစ်ဆေးဝါးတွေကိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တစ်ပါတည်း သိမ်းဆည်းရရှိခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ 


" သူတို့( စစ်တပ်)စစ်ကြောင်းက ဘယ်ဘက်ကို ဦးတည်လဲတော့ မသိပေမယ့် တိုက်ပွဲက ပြင်းထန်ခဲ့တယ်လို့တော့ ပြောရပါမယ်။ နောက်ပြီး တိုက်ပွဲထဲ ရဲဘော်တွေဘက်က ကျည်ကာဦးထုပ်တွေ၊ ကျည်ကာအကျီတွေလည်း မပါကြလို့ စိုးရိမ်ကြောင့်ကြမှု့တွေတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ပစ်ခတ်ခဲ့ရတာ အားရကျေနပ်မှုရှိခဲ့တယ်လို့ ပြောရပါမယ်။ ပြည်သူတွေလည်း နောက်ပိုင်း ပူးပေါင်းပါဝင်စေချင်ပါတယ်" လို့ ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

1 comment:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...