Wednesday 24 July 2024

၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ပါဝင်နေသည့် စစ်ရေး လှုပ်ရှားမှုဓာတ်ပုံမှတ်တမ်းများ ထုတ်ပြန်


 ၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ပါဝင်နေသည့် စစ်ရေး လှုပ်ရှားမှုဓာတ်ပုံမှတ်တမ်းများ ထုတ်ပြန်


ရန်ကုန်၊ ဇူလိုင် ၂၄ 


၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ပါဝင်နေသည့် ဓာတ်ပုံမှတ်တမ်းများကို  BPLA က ယနေ့  သတင်းထုတ်ပြန် သည်။


၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၏ အမှတ် ၂၀၃ စစ်ဒေသ၏ လှုပ်ရှားမှတချို့ကို ဖော်ပြကြောင်း BPLA က သတင်းထုတ်ပြန်ထားသည်။ 


ရန်ကုန်ခေတ်သစ်၏ တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုကမူ ၁၀၂၇ ဒုတိယလှိုင်းစစ်ဆင်ရေးတွင် BPLA အပြင် NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန လက် အောက်မှ  ပြည်သူ့ကာကွယ်ရေးတပ်များ ပါဝင်နေပြီး အထူးသဖြင့် အညာဒေသမှ PDF တပ်တချို့လည်း ပါဝင်နေကြောင်း ပြောဆိုသည်။ 


"အဓိကတော့ လားရှိုးခွင်မှာ PDF တပ်တွေရော၊ BPLA တပ်တွေရော အဓိက ပါဝင်ပြီး တိုက်ပွဲဝင်နေကြတာ" ဟု ရန်ကုန်ခေတ်သစ်၏ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...