Wednesday 24 July 2024

မိုးကုတ်မြို့ကိုတော်လှန်ရေးတပ်များ ထိန်းချုပ်





 ▪︎Breaking News 


မိုးကုတ်မြို့ကိုတော်လှန်ရေးတပ်များ ထိန်းချုပ်


မိထက်/People's Spring 


မိုးကုတ်မြို့မှ စစ်ကောင်စီဗျူဟာကုန်းကို TNLA နှင့် PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မိုးကုတ်မြို့အား ထိန်းချုပ်လိုက်ပြီဟု မြေပြင်စစ်ရေးသတင်းမြစ်နှင့် နီးစပ်သူများကပြောသည်။


" မိုးကုတ်ဗျုဟာကို ရပါပြီ။ မိုးကုတ်က ပြီးသလောက်ဖြစ်သွားပါပြီ" ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။


မိုးကုတ်မြို့မှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား TNLA နှင့် PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့ကနယ်မြေရှင်းလင်းရေးလုပ်နေသည်ကို "တံမျက်စည်းလှဲနေပြီ"ဟုလည်း လူငယ်အချို့က လူမှုကွန်ရက်တွင်ရေးသားထားသည်။


မိုးကုတ်မြို့သိမ်းတိုက်ပွဲကာလအတွင်း သတင်းနှင့် ဓာတ်ပုံမှတ်တမ်းအချို့ ထုတ်ပြန်ပေးနေသည့် TNLA တပ်ဖွဲ့ဝင်တဦးကလည်း " အိမ်နဲ့ အဆက်အသွယ်မရလို့ဆိုပြီး စိတ်ပူနေကြတဲ့ အဝေးရောက် မိုးကုတ်သူ/သားများအတွက်"ဟု ဆိုကာ ကာကွယ်ရေးရဲဘော်များအား ပြည်သူများကကြိုနေသည့် ဓာတ်ပုံမှတ်တမ်းများကို ယနေ့ညနေ ၆ နာရီခန့်တွင် ထုတ်ပြန်ထားသည်။


ဇွန်လ၂၅ရက်မှစတင်သည့် မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း မြို့အနောက်ပိုင်းမှ TNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူထားပြီး မြို့အရှေ့ပိုင်းမှ စစ်ကောင်စီစခန်းများကို ဇူလိုင်လ ၁၈ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မိုးကုတ်မြို့ကို စစ်ကောင်စီက ဇူလိူင်လ ၁၉ရက်မှစ၍ ယနေ့အထိ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထားသည်။ 


မိုးကုတ်မြို့တိုက်ပွဲနှင့်ပတ်သက်၍ TNLAက ဇူလိုင်လ ၂၃ရက်ညက နောက်ဆုံးထုတ်ပြန်ခဲ့ပြီးတိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်ကောင်စီအကျအဆုံးများကြောင်း ထုတ်ပြန်ထားသည်။


မိုးကုတ်ဗျုဟာသိမ်းတိုက်ပွဲကို TNLA နှင့် မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားခြင်းမရှိသေးပေ။


TNLA နှင့် ပူးပေါင်းတပ်များသည် ၁၀၂၇ စစ်ဆင်

ရေးဒုတိယပိုင်းတွင် နောက်ချို မြို့ကို ဇူလိုင် ၁၀ ရက်က သိမ်းပိုက်ထိန်း ချုပ်လိုက်ပြီးနောက် မိုးကုတ်မြို့ကို ထပ်မံသိမ်းပိုက်နိင်ခဲ့ခြင်းဖြစ်သည်။ မိုးမိတ်မြို့နှင့် ကျောက်ခဲ မြို့မှာ စစ်စခန်းများစွာကိုလည်း ပူးပေါင်းတပ်များကသိမ်းပိုက်ထားပြီးကျန်လက်ကျန်စစ်တပ်စခန်းများကို သိမ်းပိုက်ရန် ဆက်လက်ထိုးစစ်ဆင်နေသည်။


ထိုအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး ) ကလည်း ၁၀၂၇ စစ်ဆင်ရေးနှင့်

 တချိန်တည်းတွင် မတ္တရာ နှင့် စည်ကူး မြို့နယ်တို့ကိုပါထိုးစစ်ဆင်ပြီး စဥ့်ကူးမြို့ ကို ဇူလိုင် ၁၇ ရက်တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။


(TNLA ဦးဆောင်သော တော်လှန်ရေးတပ်များ မိုးကုတ်ဗျူဟာသိမ်းပြီးနောက် ပြည်သူများက အောင်သပြေဖြင့် ကြိုဆိုစဥ်။ဓါတ်ပုံ-Mai A Hein)

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...