Thursday 25 July 2024

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ် ရဲစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်၊ လက်နက်ခဲယမ်းများနှင့် ကားများသိမ်းဆည်းရရှိ



 သပိတ်ကျင်းမြို့နယ်၊ တွင်းငယ် ရဲစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်၊ လက်နက်ခဲယမ်းများနှင့် ကားများသိမ်းဆည်းရရှိ


ရန်ကုန်၊ ဇူလိုင် ၂၅


မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ် ရဲစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများနှင့် ကားများသိမ်းဆည်းရရှိခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းကို KIA ၊ KPDF နှင့်ABSDF ပူးပေါင်း တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


"ဒီနေ့ ၁၁ နာရီ ၂၀ မိနစ်မှာ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရဲစခန်းကို KIA+KPDF+ABSDF ပူးပေါင်းတပ်ဖွဲ့တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီး လက်နက်တွေလည်း ရတယ်။ ကားတွေလည်း သိမ်းဆည်းရမိတယ်" ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...