Tuesday, 16 July 2024

လားရှိုးမြို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဒုတပ်ခွဲမှူး ၁ ဦး အပါအဝင် တပ်သား ၃၂ ဦးကို MNDAA က အရှင် ဖမ်းဆီး၊ ဒဏ်ရာရရှိသူများကို ဆေးကုသပေး



 လားရှိုးမြို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဒုတပ်ခွဲမှူး ၁ ဦး အပါအဝင် တပ်သား ၃၂ ဦးကို MNDAA က အရှင် ဖမ်းဆီး၊ ဒဏ်ရာရရှိသူများကို ဆေးကုသပေး


ရန်ကုန်၊ ဇူလိုင် ၁၆ 


ရှမ်းပြည်နယ်၊ လားရှိုးမြို့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒုတပ်ခွဲမှူး ၁ ဦး အပါအဝင် တပ်သား ၃၂ ဦးကို အရှင် ဖမ်းဆီးပြီး ဒဏ်ရာ ရရှိသူများကို ဆေးကုသပေးနေကြောင်း MNDAA က ပြောဆိုသည်။


ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် လားရှိုးမြို့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒုတပ်ခွဲမှူး ၁ ဦး အပါအဝင် တပ်သား ၃၂ ဦး ကို MNDAA က အရှင် ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


လက်ရှိချိန်တွင် ဖမ်းဆီးရမိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများထဲမှ ဒဏ်ရာရရှိသူများကို လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများနှင့် ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။

1 comment:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...