Tuesday 2 July 2024

မန္တလေး နဲ့ မိုင် ၂၀ အတွင်းက စိုးမိုးကုန်းကို PDF သိမ်းယူ


 မန္တလေး နဲ့ မိုင် ၂၀ အတွင်းက စိုးမိုးကုန်းကို PDF သိမ်းယူ


ဆိုင်းမင်း/People's Spring


မန္တလေးမြို့ပေါ်ကနေ မိုင် ၂၀ အဝေးအတွင်းမှာရှိတဲ့ မတ္တရာနယ်ထဲက Alpha ဘိလပ်မြေ စက်ရုံ စိုးမိုးကုန်းကို မန္တလေး PDF က သိမ်းယူလိုက်ပါပြီ ။


အဲဒီ ဘိလပ်မြေစက်ရုံတည်နေရာဟာ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ်မှာရှိတာဖြစ်ပြီး မန္တလေး နန်းတွင်းမှာအခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ဆိုရင် ၁၉ မိုင် သာ ဝေးပါတယ်။


ဘိလပ်မြေစက်ရုံရဲ့ စိုးမိုးကုန်းဖြစ်တဲ့ မြေနီတောင်တပ်စခန်းကို သိမ်းယူထားလိုက်ပြီဆိုတာကို မန္တလေး PDF က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။


အဲဒီစိုးမိုးကုန်းကို လက်ရှိအချိန်ထိ ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ လည်း မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။ 


"ဒီကုန်းတွေကို စစ်ကောင်စီက ပြန်ရဖို့ လေကြောင်းနဲ့ရော မြေပြင်မှာထိုးစစ်ဆင်နေတယ် ၊လက်ရှိချိန်ထိတော့ ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်ဆဲပါပဲ"လို့ မန္တလေးPDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကဆိုပါတယ်။ 


စစ်ကောင်စီတပ် အထိုင်ချထားတဲ့ ဘိလပ်မြေစက်ရုံ တဝိုက်ကို မန္တလေး PDF တွေက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူခဲ့တာလို့သိရပါတယ်။


မန္တလေး PDF ရဲ့ ဒီနေ့ သတင်ထုတ်ပြန်ချက်မှာ ဇွန်လ ၂၅ ရက်စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စစ်ဆင်ရေးအနေနဲ့ မတ္တရာနယ်ထဲက (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေး တပ်၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း ၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်း နဲ့ Alpha ဘိလပ်မြေစက်ရုံရဲ့ စိုးမိုးကုန်း မြေနီတောင် တပ်စခန်း ကို သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။


ဒေသခံတွေရဲ့ပြောပြချက်အရ ဘိလပ်မြေစက်ရုံဟာ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ်နားမှာရှိတာကြောင့် တိုက်ပွဲတွေဟာ ပုသိမ်ကြီးမြို့နယ်အနားထိပါ ရောက်လာပြီလို့ သိရပါတယ်။


တိုက်ပွဲဖြစ်ပွားတာအပြင် စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မတ္တရာ အရှေ့ခြမ်းမှာတော့ ဒေသခံပြည်သူသောင်းဂဏန်း စစ်ရှောင်နေရတယ်လို့သိရပါတယ်။


စစ်ကောင်စီရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးနန်းတွင်းနဲ့ ဘိလပ်မြေစက်ရုံအကွာအဝေး


ဓာတ်ပုံ − Google Map

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...