Monday 8 July 2024

မန္တလေးPDFက စဥ့်ကူးမြို့နယ်အတွင်းစစ်ကောင်စီစခန်း ၅ ခုကိုထပ်မံသိမ်းပိုက် ၊ ဒုဗိုလ်မှူးကြီးလှိုင်းထွန်းအောင်အပါအဝင် စစ်သား ၁၅ ဦးကိုဖမ်းဆီး


 မန္တလေးPDFက စဥ့်ကူးမြို့နယ်အတွင်းစစ်ကောင်စီစခန်း ၅ ခုကိုထပ်မံသိမ်းပိုက် ၊ ဒုဗိုလ်မှူးကြီးလှိုင်းထွန်းအောင်အပါအဝင် စစ်သား ၁၅ ဦးကိုဖမ်းဆီး


- နေ့သစ်/ People's Spring 


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)(MDY-PDF )

က စဥ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း 

၅ ခုထပ်မံသိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ် မှ ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် (၁၅)ဦး ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်လိုက်သည်။


စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေပြည် ရဲစခန်း ၊ လက်ပန်လှ ရဲစခန်း ၊ ကျည်တောက်ပေါက် တပ်စခန်း ၊ ကန်တောင် တပ်စခန်း နှင့် ပင်လယ်ကြီး တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ ပြီး ယခင်သိမ်းပိုက်ရရှိထားသော စစ်ကောင်စီ တပ်စခန်း(၆)ခု အပါအဝင် တပ်စခန်းသိမ်းပိုက်မှု (၁၁)ခုအထိ ရှိခဲ့ပြီဖြစ်သည်ဟု မန္တလေး PDF က ယနေ့ (ဇူလိုင် ၈)တွင်ထုတ်ပြန်သည်။


စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19) အပါအဝင် (၁၅)ဦး အရှင်ဖမ်းဆီးရရှိပြီး လက်နက်ချ အလင်းဝင်သော ပသစ(ပျူစောထီး)တပ်ဖွဲ့များလည်း ရှိကြောင်းအသိပေးထားသည်။


ထို့အပြင စစ်ကောင်စီမှ လေကြောင်းဖြင့် ချပေးခဲ့သော လက်နက်ခဲယမ်းအထုပ်များအပါအဝင် အခြားသောလက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိကြောင်း ဓါတ်ပုံနှင့်တကွဖော်ပြသည်။


စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အား စဉ့်ကူးမြို့နယ် ပကဖမှ ထောက်ပို့ဆိုင်ရာလုပ်ငန်းများကို ပံ့ပိုးကူညီပေးလျက်ရှိကြောင်းသိရသည်။


မန္တလေး(PDF)က မတ္တရာမြို့နယ်တွင်လည်း စစ်ကောင်စီတပ်စခန်း ၂၄ ခုသိမ်းပိုက်ထားပြီး စစ်တပ်မှအလင်းဝင်သူနှင့် စစ်သုံ့ပန်း ၁၃၀ ကျော်ရှိကြောင်း မန္တလေး PDF ပြောရေးဆိုခွင်ရှိသူ ကိုအော်စမွန်က ဇူလိုင် ၆ ရက်တွင် People's Spring သို့ပြောသည်။


(ဒုဗိုလ်မှူးကြီးလှိုင်းထွန်းအောင် အပါအဝင် စစ်သုံ့ပန်း နှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ ၊စစ်တပ်လေကြောင်းမှ ချပေးသောခဲယမ်း၊ရိက္ခာထုပ်များ။

ဓါတ်ပုံ-MDY-PDF )

1 comment:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...