Thursday 15 August 2024

ကျိန္တလီမြို့ကို AAသိမ်းယူ


 ကျိန္တလီမြို့ကို AAသိမ်းယူ


မိထက်/People's Spring 


ရခိုင်ပြည်နယ်၊ သံတွဲနှင့်ဂွမြို့ကြားရှိ ကျိန္တလီမြို့မှ စစ်ကောင်စီစခန်းများအားလုံးကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်

တမြို့လုံးအား AAက ထိန်းချုပ်လိုက်ပြီဟု မြေ

ပြင်စစ်ရေးသတင်းရင်းမြင့်များနှင့် ဒေသခံအချို့ကပြောသည်။


ကျိန္တလီမြို့တွင် ဩဂုတ်လ ၁၀ ရက်နေ့မှစ၍ ချင်းကွင်းကျေးရွာ၌တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၁၂ရက် နှင့် ၁၃ရက်တွင် ကျိန္တလီမြို့ရဲစခန်း၊ထွေအုပ်ရုံးနှင့်စည်ပင်ရုံးမှ စစ်ကောင်စီစခန်းများကို တိုက်ခိုက်ခဲ့သည်။


" စစ်ကောင်စီက ဆုတ်ပေးပြီး ဂွမြို့မှာ သွားပေါင်းပြီ။ ကျိန္တလီက AAထိုင်ထားပါပြီ။ စစ်တပ်ကတော့ လေကြောင်းကနေ ပစ်နေတုန်းပါပဲ ဒီည‌နေအထိ" ဟု ဒေသခံတစ်ဦးကပြောသည်။


စစ်ကောင်စီတပ်များသည် ကျိန္တလီမြို့မြို့မှ 

မဆုတ်ခွာခင် ဂွမြို့ရှိကြွေချိုင်နှင့်တိုင်ကျိုးရွာကြား၌ လက်နက်ကြီးများတပ်ဆင်၍ ပစ်ခတ်၍ ခုခံခဲ့သည်။ သို့သော် AAက ထိုးစစ်ဆင်တိုက်ခိုက်ရာ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်ဟု ဒေသခံအချို့ကပြောသည်။


ကျိန္တလီမြို့သည် သံတွဲမြို့မှမိုင် ၄၀ ခန့် နှင့် ရခိုင်

ပြည်နယ်တောင်ပိုင်းအစွန်ဆုံးမြို့ဖြစ်သော ဂွမြို့နှင့်လည်း မိုင် ၄၀ခန့်ဝေးသည်။ ကျိန္တလီမြို့သည် 

သံတွဲ ခရိုင် ၊ဂွမြို့နယ်ရှိ မြို့နယ်ခွဲအဆင့် မြို့ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြို့နယ်ခွဲတစ်ခုလုံးတွင် လူဦးရေ ၂၃၅၀၀ ကျော် နေထိုင်ပြီးကျိန္တလီ မြို့ပေါ်တွင် လူဦးရေ ၅၈၀၀ ကျော်ပါနေထိုင်သည်။


AAသည် ဂွမြို့သို့ဆက်လက်ထိုးစစ်ဆင်မည်ဟု သတင်းများထွက်ပေါ်နေသည်။ ဂွမြို့သည့် ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နှင့် ထိစပ်နေပြီး ဧရာဝတီတိုင်းသို့ စစ်ရေးကူးစက်လာမည်ကို စစ်ကောင်စီက စိုးရိမ်နေသည်။


ကျိန္တလီမြို့သိမ်းယူခြင်းနှင့်ပတ်သက်၍ AAက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။


AAသည် ရခိုင်ပြည်နယ်အတွင်း မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီး တောင်၊ ရမ်းဗြဲ နှင့် ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားသည်။ သံတွဲနှင့်မောင်တောမြို့နယ်ရှိ လက်

ကျန်စစ်တပ်စခန်းများကို အပြီးသတ်သိမ်း

ယူနိုင်ရန် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။


ထို့အပြင် AA က သံတွဲ မြို့နယ်ရှိ မောင်ရွှေလေးရေတပ်စခန်း နှင့် ဘဂ်လားပင်လယ်ပြင်ထက်တွင်တပ်စွဲထားသော ရေတပ်စစ်သဘော်များကိုပြန်လည်ထိုးစစ်ဆင်လျက်ရှိပြီး မြောက်ဘက်ရှိတောင်ကုတ်မြို့နှင့် တောင်ဘက် ရှိ ဂွမြို့ ရှိစစ်တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက််မည်ဟု သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုကြောင့် သံတွဲ နှင့် ဂွ ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင် တွင် အရပ်သား ရေယာဥ်များသွားလာမှုကို သြဂုတ် ၁ ရက်မှစတင်၍ အကန့်အသတ်မရှိကြောင်း ကြေညာခဲ့သည်။ထိုသို့ကြေညာပြီးနောက် သံတွဲမြို့နယ်မှ စစ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။


(ကျိန္တလီမြို့ ဝင်ဆိုင်းဘုတ် ၊ သံတွဲမြို့နယ် ရှိ သံတွဲလေဆိပ် (မဇင်လေဆိပ်) နှင့် ခလရ (၅၅)တပ်ရင်းတို့ကို AA ကသိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ဓါတ်ပုံ- AA Info Desk ၊ CJ)

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...