Thursday 15 August 2024

ဖားကန်မြို့နယ်၊ လမောင်စစ်ကောင်စီတပ်စခန်းကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ


 ဖားကန်မြို့နယ်၊ လမောင်စစ်ကောင်စီတပ်စခန်းကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ


ရန်ကုန်၊ ဩဂုတ် ၁၅ 


ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်၊ လမောင်နှင့် တောမှော် စစ်ကောင်စီစခန်း ၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တစ်ပြိုင်နက်တည်း တိုက် ခိုက်နေရာ ယနေ့နံနက်ပိုင်းတွင် လမောင်စစ်ကောင်စီတပ်စခန်းကုန်းကို သိမ်း ပိုက် ရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် လမောင်စခန်းကုန်းကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ ဩဂုတ်လ  ၁၄ ရက်နေ့ နံနက်  ၂ နာရီခွဲအချိန်မှစတင်၍  တောမှော်နှင့်လမောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် PDF နှင့်  KIAပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားနေသော လမောင်တပ်စခန်းအနီးသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ 


"လမောင်စခန်းကုန်းကို ရရှိပါပြီ။ တော်မှော်စခန်းကို ဆက်လက်တိုက်နေပါတယ်။ စစ်ခွေးသေဆုံးမှုနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု မသိရသေးပါဘူး" ဟု KIA သတင်းရင်းမြစ်က ဆိုသည်။ 


လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသော လမောင်စခန်းနှင့် တော်မှော်စခန်း အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများထွက်ပြေးနေရကြောင်း၊ လမောင်စခန်းကုန်းသည် ဖားကန့်တွင် အမြင့်ဆုံးစခန်းကုန်းတစ်ခုဖြစ်ပြီး စစ်အင်အား ၅၀ ရှိသော စခန်းဖြစ်ကြောင်း၊ ယင်းစခန်းကို ရရှိပါက နယ်မြေစိုးမိုးမှု ပိုမိုအသာစီးရရှိပြီဖြစ်ကြောင်း ၊  ဖာကန့်းမြို့နယ်တွင် KIA က နယ်မြေစိုးမိုးမှု အများဆုံး ပိုင်ဆိုင်ထားပြီး စစ်တပ်ဘက်မှ ကံစည်း၊ အောင် ဘာလေ၊ ဆိုင်းတောင်၊ ဖားကန့်ဗျူဟာကုန်းကဲ့သို့ စစ်တပ်စခန်းတချို့သာ ကျန်ရှိတော့ကြောင်း  KIA သတင်း ရင်းမြစ်က ပြောဆိုသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...