Wednesday 14 August 2024

တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ ၇၇ မြို့


 တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ ၇၇ မြို့


-People's Spring 


ပြည်သူ့ကာကွယ်ရေးတပ်တွေက တကောင်းမြို့ကစစ်ကောင်စီတပ်စခန်းတွေကို သြဂုတ် ၁၂ ရက်မှာအပြီးသတ် သိမ်းပိုက်လိုက်ပါတယ် ။ဒါကြောင့် နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၇၇ မြို့ရှိလာပြီဖြစ်ပါတယ် ။ဒါတောင်တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ပြီးပေမယ့် သတင်းမထုတ်ပြန်သေးတဲ့အတွက် အခုစာရင်းမှာ မပါသေးတာတွေရှိနိုင်ပါသေးတယ် ။ သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ တကောင်းမြို့ ကစစ်တပ်စခန်းနဲ့ စစ်တပ် ၊ရဲ တက်စွဲရာ နေရာတွေကို အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်းတာဝန်ခံရုံး ကွပ်ကဲမှုနဲ့ အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်

ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၄၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့နဲ့ သပိတ်ကျင်းမြို့နယ် ပကဖတို့က ၂ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကိုအောင်

မြင်စွာသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မန္တလေးတိုင်းမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့ သုံးမြို့ရှိလာပြီဖြစ်ပါတယ် ။စဥ့်ကူး ၊မိုးကုတ် ၊ တကောင်းမြို့တို့ဖြစ်ပါတယ် ။ဒါအပြင်

တော်လှန်ရေးတပ်တွေက မောင်တော ၊သံတွဲ ၊သပိတ်ကျင်း ၊သီပေါ ၊ထန်တလန် စတဲ့မြို့တွေကစစ်တပ်စခန်း တွေကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

2 comments:

တပ်ရင်းမှူးများရဲ့အခန်းကဏ္ဍ အရေးကြီးပြီ

 တပ်ရင်းမှူးများရဲ့အခန်းကဏ္ဍ အရေးကြီးပြီ …………………………………………… အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ...