Sunday 18 August 2024

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ အလံဖြူထောင် လက်နက်ချသူ(၁၂၀)ကျော် ရှိခဲ့




 ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ အလံဖြူထောင်

လက်နက်ချသူ(၁၂၀)ကျော် ရှိခဲ့


မျက်မှောက်ခေတ်၊ဩဂုတ်(၁၈)


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွ

င်းမှာ အလံဖြူထောင် လက်နက်ချပူးပေါင်းသူ

(၁၂၀)ကျော်ရှိတယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့

ကာကွယ်ရေးအဖွဲ့က ဩဂုတ်လ (၁၈) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


ဒီပဲယင်းမြို့ကို ဒေသခံတော်လှန်ရေးပူးပေါင်း

အဖွဲ့က ဩဂုတ်လ(၁၅)ရက်နေ့မှာ စတင်တိုက်

ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ(၁၈)ရက်နေ့မှာအ

ပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။


တိုက်ပွဲအတွင်းမှာ အလံဖြူထောင်လက်နက်

ချပူးပေါင်းသူ စစ်ကောင်စီလက်အောက်ခံ ပျူ

စောထီး(၂)ဦး၊Non CDM ဝန်ထမ်း(၄၁)ဦးနဲ့ မိ

သားစုဝင်(၈၀) ဦးရှိပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးထားတယ်လို့ ထုတ်ပြန်ချ

မှာ ဖော်ပြပါတယ်။


ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို အမှတ်၁စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ကွပ်ကဲမှု နဲ့ရွှေဘို

ခရိုင်အတွင်းက တပ်ရင်းတွေ၊ရွှေဘိုခရိုင်ပကဖ၊ဒီပဲယင်းမြို့နယ် ပကဖ၊ဘုတလင်မြို့နယ် ပ

ကဖ တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ

ဖြစ်တယ်လို့ သိရပါတယ်။


ဓာတ်ပုံ- စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့/ဂဠုန်တပ်တော် ဒီပဲယင်းအခြေစိုက်

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...