Sunday, 18 August 2024

တောင်သာတွင် ရဲတပ်သားတစ်ဦး ပကဖထံ အလင်းဝင်လာ


 တောင်သာတွင် ရဲတပ်သားတစ်ဦး ပကဖထံ အလင်းဝင်လာ


ဇေအောင်/People's Spring


မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ရဲတပ်သားတစ်ဦး တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာသည်။


သြဂုတ် ၁၇ရက်က မှော်ဘီမြို့ရှိ ရဲတပ်ရင်း(၅)မှ ရဲတပ်သား မျိုးချစ်သူသည် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ G-3အမျိုးအစား တစ်လက်၊ ကျည် ၁၅၀ တောင့်၊ လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း တောင်သာပကဖ၏ တာဝန်ရှိသူက ပြောသည်။ 


"သူက သပိတ်ကျင်းဇာတိ။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်က သပိတ်ကျင်းကနေ မြဝတီဘက်ကိုအသွားမှာ ဖုန်းစစ်တဲ့အချိန်မှာ PDF တွေနဲ့ဆက်သွယ်ထားတာ PDF ထဲဝင်ဖို့။ တွေ့တော့ အဖမ်းခံရပြီးတော့ သူ့ကို ထောင်ကျခံမလား ရဲထဲလုပ်မလား ရဲထဲဝင်လုပ်တာ။ မှော်ဘီရဲတပ်ရင်း(၅)မှာ။"ဟု တောင်သာပကဖ၏ တာဝန်ရှိသူက ပြောသည်။ 


၎င်းအား ကျပ်သိန်း၅ဝ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း တောင်သာပကဖက အသိပေးသည်။


သြဂုတ် ၁ဝရက်က စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)အဖြစ် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။

2 comments:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...