Monday 19 August 2024

Breaking News- မိုးမောက်တွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စစ်စခန်းဖြစ်သော ခမရ ၄၃၇ ကို သိမ်းပိုက်ရရှိဟု KIA ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူး ကြီးနော်ဘူ အတည်ပြု၊ မိုးမောက်မြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ်ကင်းစင်သွားပြီ


 Breaking News- မိုးမောက်တွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စစ်စခန်းဖြစ်သော ခမရ ၄၃၇ ကို သိမ်းပိုက်ရရှိဟု KIA ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူး ကြီးနော်ဘူ အတည်ပြု၊ မိုးမောက်မြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ်ကင်းစင်သွားပြီ


ရန်ကုန်၊ ဩဂုတ် ၁၉ 


ကချင်ပြည်နယ်၊ မိုးမောက်မြို့ပြင်ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ်များက ယနေ့ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


မိုးမောက်မြို့ပြင်ရှိ ခမရ ၄၃၇ တပ်ရင်းကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁ လနီးပါးကြာမြင့်လာချိန် ယနေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"မိုးမောက် ခမရ ၄၃၇ တပ်ကို ရပြီ" ဟု ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


KIA ရှေ့တန်းသတင်းရင်းမြစ်ကမူ ခမရ ၄၃၇ တွင် နယ်မြေရှင်းလင်းရေးလုပ် ဆောင်နေကြောင်း၊ ခမရ ၄၃၇ တပ်ရင်းဌာနချုပ်သည် အင်အား ၅၀၀ ဝန်းရှိသော စစ်ကောင်စီတပ်စခန်းကြီးဖြစ်ကြောင်း ပြောဆိုသည်။ 


"မိုးမောက်မြို့နယ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ ခမရ-၄၃၇ တပ်ရင်းဌာနချုပ်ကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ညနေ ၃ နာရီ ၁၀ မိနစ်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပါပြီ။ မိုးမောက်မြို့နယ်မှာ စစ်ခွေးကင်းစင်သွားပါပြီ။ ထွက်ပြေးသွားတဲ့ စစ်ခွေးတွေကိုလိုက်လံရှင်းလင်းနေတယ်။ သိမ်းဆည်းရရှိတဲ့ လက်နက်တွေက အရမ်းများလွန်းတယ်" ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။ 


မိုးမောက်မြို့ရှိ မြို့မရဲစခန်းနှင့် တပ်ရင်းများကို မေလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ပြင်ရှိ ခမရ ၄၃၇ ကို ယနေ့ သိမ်းပိုက်ခြင်းဖြစ်ကြောင်း၊ မိုးမောက်မြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...