Monday 19 August 2024

ငါန်းဇွန်နယ်က ရဲစခန်းတစ်ခုကို သိမ်းပိုက်၊ တပ်ကြပ်ကြီးအပါ (၇)ဦး ဖမ်းဆီးရမိ


 ငါန်းဇွန်နယ်က ရဲစခန်းတစ်ခုကို သိမ်းပိုက်၊

တပ်ကြပ်ကြီးအပါ (၇)ဦး ဖမ်းဆီးရမိ


မျက်မှောက်ခေတ်၊ဩဂုတ်(၁၉)


မန္တလေးတိုင်း ငါးဇွန်မြို့နယ် ငါန်းမြာကြီးစစ်ကောင်စီလက်အောက်ခံ ရဲခန်းကို ဒေသခံ

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ(၁

၉)ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်

လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံ

ခြုံရေးအဖွဲ့ - CDSOM သတင်းထုတ်ပြန်ပါတ

ယ်။


ငါန်းမြားကြီး ရဲစခန်းကို ဒီကနေ့ မနက်(၄)နာ

ရီကနေ (၇) နာရီ၀န်းကျင်အထိ ၀င်ရောက်တို

က်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး တပ်ကြပ်ကြီး

အပါအ၀င် ရဲတပ်ဖွဲ့၀င်(၅)ဦးနဲ့ အမျိုးသမီး(၂

)ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံရဲစခန်း

ကနေ G-3 သေနတ် ၅ လက်၊ရိုင်ဖယ် ၁လက်၊ အူစီ ၂ လက် ၊ပစ်စတို ၁ လက်၊ဖရင်းဂန်းစက်

လက် ၁ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့

တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။


ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို သက်ဆိုင်ရာကိုအပ်နှံနိုင်ဖို့ ချိတ်ဆက်ထားပြီး လိုအပ်တဲ့ ရာထိုင်ခင်း၊ အစားအသောက် နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း စီစဉ်ပေးထားတ

ယ်လို့ သိရပါတယ်။


ငါန်းမြားကြီး ရဲစခန်းကိုမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM၊ မန္တ

လေးခရိုင် တပ်ရင်း (၅)၊မြင်းခြံဟီးရိုး၊ငန်းနက်

(ငါန်းဇွန် ပကဖ)အဖွဲ့၊Black Tiger နဲ့ နောင်ရိုး

အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...