Tuesday 20 August 2024

တန့်ဆည်မြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်


 တန့်ဆည်မြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်


ရန်ကုန်၊ ဩဂုတ် ၂၀


စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း Freedom Revolution Force ( FRF) အဖွဲ့မှ တာဝန်ရှိတဲ့သူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။


ဩဂုတ်လ ၂၀ ရက်နေ့တွင် တန့်ဆည်မြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦးသည် လက်နက်များ ယူဆောင်လာပြီး Freedom Revolution Force (FRF) နှင့် မင်းကင်းရင်း ၂ ပူပေါင်း အဖွဲ့ထံ အလင်း ဝင်ရောက်ခဲ့ကြောင်း၊ အဆိုပါ ရဲဒုတပ်ကြပ်ကို တော်လှန်ရေး တပ်ဖွဲ့များက လုံခြုံသည့် နေရာထိ သွားရောက် ခေါ်ဆောင်ပေးခဲ့ကြောင်း Freedom Revolution Force ( FRF) အဖွဲ့မှ တာဝန်ရှိတဲ့သူတစ်ဦးက ရှင်းပြသည်။


အလင်းဝင်လာသော ရဲဒုတပ်ကြပ်သည် G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ၇.၆၂ ကျည် ၁၇၃ တောင့်၊ ၅.၅၆ကျည် ၁ တောင့်၊9 mm ပစ်စတိုကျည် ၇တောင့်၊ ၉ လုံး ရှော့ဂန်းကျည် ၁ တောင့်၊ လက်ပစ်ဗုံး ၁လုံး နှင့် လက်ထိပ် ၁ ခု တို့ဖြင့် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

3 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...