Wednesday 21 August 2024

ပခုက္ကူ၊ သာကြီးတောင်ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂ ဦး အလံဖြူထောင်ကာ ၁ ဦး အရှင်ဖမ်းဆီးရရှိ



 ပခုက္ကူ၊ သာကြီးတောင်ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂ ဦး အလံဖြူထောင်ကာ ၁ ဦး အရှင်ဖမ်းဆီးရရှိ


ရန်ကုန်၊ ဩဂုတ် ၂၁ 


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ သာကြီးတောင်ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂ ဦး အလံဖြူထောင်ကာ ၁ ဦး အရှင်ဖမ်းဆီးရရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 


ယမန်နေ့ ဩဂုတ် ၂၀ ရက်နေ့ နံနက် ၄ နာရီအချိန် မြိုင်ပကဖနှင့်အတူ ပေါက်ပကဖ ( တပ်ပေါင်းစု) ၊ FRFတပ်ဖွဲတိုနှင့်ပူးပေါင်း၍ သာကြီးတောင်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီအချိန် ရဲစခန်းကို စီးနင်းနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၅ ဦး သေဆုံးခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၂ ဦး အလံဖြူထောင်အညံ့ခံကာ ၁ ဦး လက်နက်ဖြင့်အရှင်ဖမ်းဆီးရရှိကြောင်း၊ ထို့ပြင် G3 ၂ လက်၊ BA94 ၄ လက် ၊ MA 13 ၁ လက် ၊ ဒရုန်းပစ်သေနတ် ၁ လက် ၊ ကျည်မျိုးစုံ ၁၀၀၀ ကျော် ၊ မိုင်းအမျိုးမျိုး ၊ ငွေသား သိန်း ၆၀ ကျော်တိုကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက်၍ အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းသော်လည်း စစ်ကောင်စီ၏ လေကြောင်းပစ်ကူများကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါ စစ်ဆင်ရေး တိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက်ပကဖ( တပ်ပေါင်းစု) ၊ FRF တပ်ဖွဲ ၊ BGF တပ်ဖွဲ ၊ ပကဖတပ်ပေါင်းစု အမှတ် ၁ တပ်ရင်း ၊ ကမ္မတပ်ပေါင်းစုတို့က အတူတကွ ညီညီညွှတ်ညွှတ်တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...