Tuesday 27 August 2024

တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ၇၉ မြို့


 တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ၇၉ မြို့ 


-People's Spring 


မန္တလေးတိုင်း ၊ပြင်ဦးလွင်ခရိုင် ၊သပိတ်ကျင်းမြို့ကို PDF တွေ၊ ပကဖ တွေနဲ့ မဟာမိတ်တပ်တွေက သြဂုတ် ၂၅ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာကြောင့် အခုဆိုရင် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၇၉ မြို့ရှိလာပါပြီ ။ ဒါအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကလည်း သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ဗိုလ်မှူးချုပ် စိုးကျော်ထိုက် ဦးစီးတဲ့ စစ်သား ၄၀၀ လောက်ရှိတဲ့ ကွင်း (၅၀၀) စစ်တပ်စခန်းကို သြဂုတ် ၂၅ ရက်မှာပဲ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ဒါကြောင့် မန္တလေးတိုင်း ထဲမှာဆိုရင် 

တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ ၄ မြို့ရှိလာပြီဖြစ်ပါတယ် ။သပိတ်ကျင်းမြို့နယ် ၊ တကောင်းမြို့နယ်ခွဲ ၊စဥ့်ကူးမြို့နယ် နဲ့ မိုးကုတ်မြို့နယ် ဖြစ်ပါတယ် ။ ဒါအပြင် ရခိုင်

ပြည်နယ်က အာရက္ခတပ်တော် (AA)သိမ်းပိုက်

ထားတဲ့ သံတွဲ မြို့ကိုလည်း ယခုအင်ဖိုဂရပ်မှာ စတင်ထည့်သွင်းဖော်ပြထားပါတယ် ။AA က သံတွဲမြို့ ၊ ငပလီ (မဇင်လေဆိပ်) ၊ သံတွဲဟိုတယ် ဇုန်တို့ကို ဇူလိုင် ၁၆ ရက်ကတည်းကသိမ်းပိုက် ခဲ့တာပါ ။သံတွဲ မြို့နယ် တစ်ခုလုံးက စစ်တပ်စခန်းအများစုကို AA ကသိမ်းပိုက်ထားပေမယ့် မောင်ရွှေလေ ရေတပ်စခန်း ၊ကွင်းဝိုင်း စတဲ့နေရာတွေ ကစစ်ကောင်စီတပ်စခန်းတွေကိုအပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပါတယ် ။တချိန်တည်းမှာတော်လှန်ရေးတပ်တွေဟာ မောင်တောမြို့ ၊ကျိန္တလီ မြို့ ၊ သီပေါမြို့ ၊ ပင်လယ်ဘူးမြို့ ၊အင်းတော်မြို့ ၊ထီးချိုင့် မြို့က စစ်တပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်လျက်ရှိပါတယ် ။ တော်လှန်ရေးတပ်တွေက

သိမ်း ပိုက်ထိန်းချုပ်ပြီးပေမယ့် မထုတ်ပြန်သေး

တာကြောင့် People's Spring အင်ဖိုဂရပ်မှာ 

မပါဝင်သေးတဲ့မြို့တွေကျန်ရှိနိုင်ပါသေးတယ် ။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...