Monday 26 August 2024

ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ သပိတ်ကျင်း မြို့သိမ်းတိုက်ပွဲများ နဲ့ PDF


 ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ သပိတ်ကျင်း မြို့သိမ်းတိုက်ပွဲများ နဲ့ PDF 


မြန်မာနိုင်ငံအထက်ပိုင်းက မြို့တွေဖြစ်တဲ့ ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ သပိတ်ကျင်း မြို့တွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတိုက်ခိုက်လျက်ရှိပါတယ်။ အဆိုပါ တိုက်ပွဲတွေမှာ PDF တပ်ရင်းဆယ်ချီ ပါဝင်နေသလို PDF နဲ့ ပကဖ အင်အား ထောင်ချီ ပါဝင်လျက်ရှိပါတယ်။ အင်အားထောင်ချီ ပါဝင်တဲ့ စစ်ဆင်ရေးကြီးတွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဖွဲ့တွေက (၃) နှစ်ကျော်တာ ကာလအတွင်း ဆင်နွှဲနိုင်လာတာ ဖြစ်ပြီး စစ်ရေးစွမ်းရည် ထက်မြက်လာတာ၊ သမရိုးကျစစ် (Conventional war) တိုက်နိုင်လာတာ၊ ရန်သူ့လေကြောင်း နဲ့ အမြောက်ပစ်ကူကို ခံနိုင်ရည်ရှိလာတာ၊ ရှောင်တိမ်းနိုင်လာတာ ကို ပြသပါတယ်။ 


ရန်သူဟာ အစဉ်အလာအားဖြင့် တိုင်းရင်းသား ဒေသတွေ၊ တောင်တန်းဒေသတွေမှာ အခိုင်အမာ ခံစစ်လိုင်း တည်ဆောက်ကာ စစ်ဆင်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်ရင်ဆိုင်ရတဲ့ ဦးတည်ရန်သူဟာ အများအားဖြင့် နယ်စပ် တောင်တန်းဒေသမှာ ရှိလို့ဖြစ်ပါတယ်။ လက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် တိုက်နေတဲ့ ထီးချိုင့်မြို့၊ ပင်လည်ဘူးမြို့၊ အင်းတော်မြို့၊ သပိတ်ကျင်း မြို့တွေဟာ တောင်တန်းဒေသမှာ၊ ဒါမှမဟုတ်တောင်တန်းဒေသတွေ အနီးမှာ တည်ရှိပါတယ်။ ဒီလို ရှေ့တန်းခံစစ်ကြောင်း မြို့တွေမှာ စစ်တပ်ရဲ့ ခံစစ်လိုင်းပြိုကျသွားပြီဆိုရင် နောက်တန်း မြေပြန့် နယ်မြေက မြို့လေးတွေ၊ စခန်းလေးတွေကို အလွယ်တကူ သိမ်းယူနိုင်လာမှာဖြစ်ပါတယ်။ အခုကို မြင်းခြံခရိုင်ထဲက မြို့တွေ၊ ရွှေဘိုခရိုင်ထဲက ဒီပဲယင်းမြို့တို့ကို ပြည်သူ့ကာကွယ်ရေး တပ်မတော်က မြို့သိမ်းတိုက်ပွဲ အဖြစ်တိုက်ခိုက်ခဲ့ပြီးဖြစ်သလို မကွေး၊ မန္တလေးထဲက ရန်သူ့စခန်းငယ်တွေဟာလဲ ရုပ်သိမ်းဆုတ်ခွာရလျက်ရှိပါတယ်။


ထီးချိုင့်၊ ပင်လည်ဘူး နဲ့ သပိတ်ကျင်းမြို့တွေကို သိမ်းယူပြီးရင် ကချင် ဒေသ နဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းကြား ချိတ်ဆက်မှု အားကောင်းလာမှာဖြစ်ပါတယ်။ အရေးကြီးဆုံးဖြစ်တဲ့ မြို့သိမ်းတိုက်ပွဲ အတွေ့အကြုံ၊ ထောင်ချီပါဝင်တဲ့ တပ်ရင်းတွေကို ချိတ်ဆက် ကွပ်ကဲနိုင်မှု အတွေ့အကြုံတွေကိုလဲ PDF တွေ ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။ PDF တွေ စတင်စုဖွဲ့ခါစ ကာလမှာ ပြောက်ကျားစစ်၊ ချုံခိုတိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုတွေကိုသာ အဓိက လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် အခိုင်အမာ ခံစစ်ဆင်နေတဲ့ ရန်သူ့ မြို့တွေကိုပင် တိုက်ခိုင်နိုင်နေပြီဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်တဲ့ မြို့တွေကို ကြည့်ရင်လဲ ပင်လည်ဘူး၊ အင်းတော် မြို့တွေလို မြောက်ဘက်ခြမ်းက မြို့တွေ၊ ဧရာဝတီမြစ်ဘေးက ထီးချိုင့်လို၊ သပိတ်ကျင်းလိုမြို့တွေ၊ ဒီပဲယင်း၊ တောင်သာ၊ နွားထိုးကြီးလို မြန်မာနိုင်ငံ အလယ်ပိုင်းက မြို့တွေ ပါဝင်နေပါတယ်။


 ဒါတွေကို ကြည့်ရင် ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ ကျယ်ပြန့်တဲ့ စစ်နယ်ဝှမ်း တလျောက်မှာ ချိတ်ဆက်တိုက်ခိုက်နိုင်တဲ့ စစ်ရေးစွမ်းရည်ပါ ပိုင်ဆိုင်နိုင်လာပြီ ကို ပြသပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...