Monday 26 August 2024

သပိတ်ကျင်းမြို့နယ်တွင် ဗိုလ်မှူးချုပ် စိုးကျော်စိုးဦးစီးသော အင်အား ၄၀၀ ခန့်ရှိ စစ်တပ်၏ ကွင်း ၅၀၀ တပ်စခန်းကို သိမ်းပိုက်ရရှိမှု လက်နက် ခဲယမ်းနှင့် စစ်သုံ့ပန်းများပါ ဖမ်းဆီးရရှိ၊ မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းတွင် စစ်တပ်စခန်း မရှိတော့



 သပိတ်ကျင်းမြို့နယ်တွင် ဗိုလ်မှူးချုပ် စိုးကျော်စိုးဦးစီးသော အင်အား ၄၀၀ ခန့်ရှိ စစ်တပ်၏ ကွင်း ၅၀၀ တပ်စခန်းကို သိမ်းပိုက်ရရှိမှု လက်နက် ခဲယမ်းနှင့် စစ်သုံ့ပန်းများပါ ဖမ်းဆီးရရှိ၊ မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းတွင် စစ်တပ်စခန်း မရှိတော့


ရန်ကုန်၊ ဩဂုတ် ၂၆ 


မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ဗိုလ်မှူးချုပ် စိုးကျော်စိုးဦးစီးသော အင် အား ၄၀၀ ခန့်ရှိ စစ်တပ်၏ ကွင်း ၅၀၀ တပ်စခန်းကို သိမ်းပိုက်ရရှိမှု လက်နက် ခဲယမ်းနှင့် စစ်သုံ့ပန်းများပါ ဖမ်းဆီးရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး)က သတင်းထုတ်ပြန်သည်။ 


သပိတ်ကျင်းမြိုနယ် ၊ ကွင်း ၅၀၀ တွင် အခြေပြုလှုပ်ရှားလျက်ရှိသော စစ်ကောင် စီတပ်စခန်းကို ဩဂုတ်လ ၂၅ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိရခဲ့ကြောင်း၊ ကွင်း ၅၀၀ တပ်စခန်းရှိ ဗိုလ်မှူးချုပ် စိုးကျော်ထိုက် ဦးစီးသော စစ်ကောင်စီ အင်အား ၄၀၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဩဂုတ်လ ၅ ရက်နေ့မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၂၀ ခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ကွင်း ၅၀၀ တပ်စခန်းမှ စစ်တပ်၏ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်း ဆီးရမိခဲ့ကြောင်း သိရှိရသည်။ 


ကွင်း ၅၀၀ တပ်စခန်းတိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းတပ်ဖွဲများဘက်မှ ရဲဘော်များ ကျဆုံးမှုရှိကြောင်း၊ ယခုအခါ မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီ၏ ဗျူဟာမြောက်တပ်စခန်းများ အပါအဝင် စခန်းငယ်များအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ထားသည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...