Monday 26 August 2024

သပိတ်ကျင်းမြို့ကို အပြီးသတ်သိမ်းပိုက်၊ဒု-ဗို လ်မှူးကြီးတစ်ဦး အရှင်ဖမ်းမိပြီး လက်နက်မျိုး စုံ(၇၀)နီးပါ သိမ်းဆည်းရခဲ့




 သပိတ်ကျင်းမြို့ကို အပြီးသတ်သိမ်းပိုက်၊ဒု-ဗို

လ်မှူးကြီးတစ်ဦး အရှင်ဖမ်းမိပြီး လက်နက်မျိုး

စုံ(၇၀)နီးပါ သိမ်းဆည်းရခဲ့


မျက်မှောက်ခေတ်၊ဩဂုတ်(၂၆)


မန္တလေးတိုင်း၊ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဩဂု

တ်လ(၂၅)ရက် မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့

ပြီး စစ်ကောင်စီလက်အောက်ခံ ဒု-ဗိုလ်မှူးကြီး

ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမျိုးသားညီ

ညွတ်ရေးအစိုးရ၊ကာကွယ်ရေး၀န်ကြီးဌာန၊အ

မှတ်(၁)စစ်ဒေသ က သတင်းထုတ်ပြန်ပါတယ်

သပိတ်ကျင်းမြို့ကို ဩဂုတ်လ (၁၇) ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ (၁

၉)ရက်နေ့မှာ မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်

ကောင်စီတပ်က မြို့ဦးတောင်စေတီကို ဆုတ်

ခွာသွားတာကြောင့် ဆက်လက်တိုက်ခိုက်ခဲ့ကြ

တာဖြစ်တယ်လို့ သိရပါတယ်။

အင်အား(၁၃၀)၀န်းကျင်ရှိတဲ့ စစ်ကောင်စီလ

က်အောက်ခံ စစ်သား၊ရဲနဲ့ ပျူစောထီးတွေကို

ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုနဲ့ ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း

-၅၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့နဲ့  သပိတ်ကျင်းမြို့နယ် ပကဖ 

တို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့တာဖြစ်တ

ယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သပိတ်ကျင်းမြို့တိုက်ပွဲအတွင်းမှာ စစ်ကောင်

စီလက်အောက်ခံ ဒု-ဗိုလ်မှူးကြီး စိုးမင်းသူ ကိုဖ

မ်းဆီးနိုင်ခဲ့သလို လက်နက်မျိုးစုံ (၆၈) လက်၊ ကျည်မျိုးစုံ (၁၈၆၆၉) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ RPG ဒုံးသီး (၃၆) လုံး၊ Jammer (၃) လုံး၊ ဆက်သွယ်ရေးစက် (၁) ခုနဲ့ လူသုံးကုန် စက်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်

လို့လည်း သိရပါတယ်။


တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးပူး

ပေါင်တပ်ဖွဲ့က ရဲဘော် (၄) ဦး ကျဆုံးခဲ့ရတယ်

လို့လည်း သိရပါတယ်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...