Thursday 29 August 2024

တောင်းခမ်းရှိ အမြောက်တပ်ရင်းသုံးရင်းကို တော်လှန်ရေးတပ်များသိမ်းပိုက်


 တောင်းခမ်းရှိ အမြောက်တပ်ရင်းသုံးရင်းကို

တော်လှန်ရေးတပ်များသိမ်းပိုက်


▪︎အမတ (၃၅၄)တပ်ရင်းတစ်ခုသာကျန်ရှိတော့

ဟု ကနဦးသတင်းရရှိ


ဒီးဒီ/People's Spring 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နှင့် မိုင်(၂၀)ခန့်ကွာဝေးသော တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်း လေးရင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေရာ တပ်ရင်းသုံးခုသိမ်းပိုက်ရထားပြီဟု နောင်ချိုမြို့ရှိ လူထုနွေဦး၏ သတင်းရင်းမြစ်များက ပြောသည်။


နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ(၂၀၆)၊အမ(၄၀၆) တို့တည်ရှိပြီး အဆိုပါတပ်စခန်းများအား တအာင်းတပ်မတော်(TNLA)နှင့် PDF

ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ 


အဆိုပါ တပ်စခန်းများအနက် မစခ-၉၀၂၊ အမတ

(၂၀၆)နှင့် အမတ(၄၀၆)တို့ကို တော်လှန်ရေးတပ်

များက သိမ်းပိုက်ထားပြီး အမတ(၃၅၄)တပ်ရင်း တစ်ခုသာကျန်ရှိတော့သည်ဟု သိရကြောင်း လူထုနွေဦး၏ သတင်းရင်းမြစ်က ပြောသည်။


" သုံးခုရပြီ သိရတယ်။ ရဲဘော်တွေနဲ့ အဆက်

အသွယ်ရတယ်။ သုံးခုရပြီလို့ ပြောတယ်"ဟု နောင်ချိုမြို့ရှိ လူထုနွေဦး၏ သတင်းရင်းမြစ်က ပြောသည်။


နောင်ချို PDFမှ ရဲဘော်တစ်ဦးကလည်း "၃၅၄တပ်ပဲ နည်းနည်းကျန်တယ်လို့ကြားရတယ်။ ကျန်တပ်စခန်းတွေအားလုံးထိန်းချုပ်ထားနိုင်တယ်ကြားတယ်"ဟု ပြောသည်။ စစ်ကောင်စီတပ်သားများသည် တောင်းခမ်းကျေးရွာအနီးရှိ တောတောင်ကြားများတွင်လည်း ကျန်ရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။ 


တောင်းခမ်းရှိ မစခ-၉၀၂ ဌာနချုပ် ကျဆုံးသွားပြီး ဗဟိုကင်း၊ အိမ်ထောင်သည်လိုင်း၊ အရာရှိကြီးများ အိမ်ယာ၊ အရာရှိရိပ်သာများ ကျပြီး ဆုတ်ခွာရန်ပြင်ဆင်နေကြသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ယနေ့ နံနက် ၁၂နာရီခန့်တွင် ရေးသားတင်နေကြသည်။

 

ထို့အပြင် တောင်းခမ်းကျသွား၍ ပြင်ဦးလွင်မြို့အတွက် စိုးရိမ်ရေအမှတ်ဟု ထပ်မံအသိပေးရေးသားထားသည်။


"တောင်ခမ်းကတပ်တွေအခြေအနေမကောင်းပါဘူး။ ဒါကမြေပြင်အမှန်တရားပါပဲ။ဒီတော့

ပြင်ဦးလွင် အဓိကခံစစ်ဆိုလို့ဝက်ဝံကြောနဲ့ဘန့်ဘွေးခံစစ်နှစ်နဲ့ပွဲကောက်ခံစစ်ရယ်ပဲရှိတာ။

 ကျန်ခံစစ်တွေကမြို့ပြဆန်လွန်းတယ်။တောင်

ခမ်းကျရင်သာစည်လွင်ပြင်၊ ကျောက်ဆည်လွင်ပြင်ပေါက်ပြီ ရပ်စောက်ဗထူးတပ်နယ်လည်း

 ထိုးစစ်ဆင်ခံရမှာပါ"ဟု စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုကရေးသားထားသည်။

 

တောင်းခမ်းရှိ အဆိုပါ အမြောက်တပ်များသည် 

ပြင်ဦးလွင် မြို့ရှိ စစ်တပ်စခန်းများအတွက် အဓိကခံစစ်စခန်းများလည်းဖြစ်သည်။


စစ်ရေးသတင်းများ၊စစ်ရေးသုံးသက်ချက်များရေးသားဖော်ပြပေးနေသည့် CDM ဗိုလ်ကြီးဇင်ယော် က "ဒီတောင်ခမ်းတပ်နယ် ရသွားပြီဆိုရင် ပြင်ဦးလွင်ဘက်ကိုလည်း ဝက်ဝံဘက်ကသွားလို့ရသလို ၊ နောင်ချိုဘက်ကနေလည်းတည့်လာလို့ရတယ် ။ပြီးရင် မတ္တရာဘက်ကနေလည်း လာလို့ရတယ် ဆိုတော့ စစ်မျက်နှာအလုံးအရင်းနဲ့ ဝင်လာလို့ ရတဲ့ အနေအထားမျိုးပေါ့ ။ပြီးရင်တောင်ခမ်းကရပ်စောက်၊ ကျောက်ဂူဘက်ထိ့ ရှမ်းတောင်အထိ့လမ်းပွင့်သွားမယ့် အနေအထားမျိုးလို့ပြောရမှာဖြစ်ပါတယ် ဗျ။"ဟု သူ၏အမြင်ကိုပြောသည်။


အမြောက်တပ်ရင်းများရှိရာ တောင်းခမ်းရွာအနီးရှိ စစ်ကောင်စီတပ်များအား တော်လှန်ရေးတပ်များက ထိုးစစ်တင်တိုက်ခိုက်နေသည်မှာ ဇူလိုင်လကုန်ပိုင်းကတည်းကဖြစ်ပြီး ယခုရက်ပိုင်းအတွင်း၌ တောင်းခမ်းရွာရှိ အမြောက်တပ်ရင်းများအား ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။


သြဂုတ် ၂၅ရက်ကစပြီး တိုက်ပွဲပြင်းထန်နေသည်။ ထို့ကြောင့် ယင်းနေရာသို့ ပြင်ဦးလွင်မြို့ အခြေ

စိုက်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ်

(သသန)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ 


တောင်ခမ်းတိုက်ပွဲအား စစ်ကောင်စီက လေ

ကြောင်းပစ်ကူများလည်း ဆက်တိုက်အသုံးပြုနေသည်ဟု နောင်ချိုမြို့ခံများက ပြောသည်။ တိုက်ပွဲနှင့်ပတ်သက်ပြီး TNLA ထံဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။ 


တောင်းခမ်းကျေးရွာသည် နောင်ချိုမြို့မှ ရှမ်းပြည်

နယ်တောင်ပိုင်း ရပ်စောက်မြို့သို့သွားသောလမ်းပိုင်းပေါ်တွင်တည်ရှိပြီး နောင်ချိုမြို့မှ ဆုတ်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများက အဆိုပါရွာ တပ်စခန်းများ၌ အထိုင်ချထားသည်။ ထို့အပြင် ရှမ်းတောင်မှ အင်အားဖြည့်တင်းသော စစ်ကောင်စီတပ်သားများအပြင် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်သော စစ်ကောင်စီတပ်သားများလည်း တောင်းခမ်း၌ ရောက်ရှိနေသည်။ ထိုမှတဆင့် နောင်ချိုနှင့် ကျောက်မဲမြို့များအား ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီက စီစဥ်ခဲ့ခြင်းဖြစ်

သည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...