Thursday 29 August 2024

နောင်ချိုမြို့နယ်ရှိ စစ်တပ်၏ အမတ ၄၀၆ နှင့် အမတ ၂၀၆ တပ်စခန်း ၂ ခုကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ


 နောင်ချိုမြို့နယ်ရှိ စစ်တပ်၏ အမတ ၄၀၆ နှင့် အမတ ၂၀၆ တပ်စခန်း ၂ ခုကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ


ရန်ကုန်၊ ဩဂုတ် ၂၉


ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမတ ၄၀၆ နှင့် အမတ ၂၀၆ တပ်စခန်း ၂ ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။


ယနေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာရှိ အကြမ်းဖက် စစ်တပ်၏ ၉၀၂ တပ်စခန်း၊ ၃၄၅ တပ်စခန်း အနီးတဝိုက် နှင့် မကျီးရေရွာ ဘုန်းကြီးကျောင်းတို့တွင် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။


အလားတူ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် တောင်ခမ်းကျေးရွာရှိ ၉၀၂ စစ်ကောင်စီတပ်၌ လည်းကောင်း၊ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် ၃၄၅ တပ်စခန်း၌ လည်းကောင်း၊ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် မကျီးရေရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


တိုက်ပွဲဖြစ်ပွားလျက်ရှိသော တောင်ခမ်းရွာ၌ အကြမ်းဖက် စစ်ကောင်စီ၏ ၉၀၂ တပ်စခန်းတွင် စစ်တပ်က Y12 ဖြင့် ၃ ကြိမ် ၊ ဗုံး ၁၅၀ လုံး၊ တောင်ရွှေရွာတွင် Jet Fighter ဖြင့် ၁ ကြိမ်နှင့် သကြားစက်ရုံတွင် ၂ ကြိမ် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းကို စစ်အင်အား ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...