Friday 30 August 2024

ထီးလင်းမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး စနိုက်ပါ သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင် ငွေကျပ် ၆၅ သိန်း ဆုချီးမြှင့်


 ထီးလင်းမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး စနိုက်ပါ သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင် ငွေကျပ် ၆၅ သိန်း ဆုချီးမြှင့်


ရန်ကုန်၊ ဩဂုတ် ၂၉


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ထီးလင်းမြို့နယ်ရှိ ထီးလင်းအထိုင်တပ် မှ စစ်ကောင်စီ တပ်သား ၁ ဦး အထက်အရာရှိ ဖြစ်သူ တပ်ကြပ်ကြီး၏ MAS အမျိုးအစား စနိုက်ပါ သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်လာပြီး ငွေကျပ် ၆၅ သိန်း ဆုချီးမြှင့်ခဲ့ကြောင်း Yaw Revol ution Army -ထီးလင်း က ပြောဆိုသည်။ 


ဩဂုတ်လ ၂၈ ရက်နေ့တွင် ထီးလင်းမြို့ရှိ ထီးလင်း အထိုင်တပ်မှ တပ်သား ဟိန်းသူအောင် သည် ၄င်း၏ အထက် အရာရှိ ဖြစ်သူ တပ်ကြပ်ကြီး၏ MAS အမျိုးအစား စနိုက်ပါ သေနတ် ၁ လက် ယူဆောင်လာပြီး ဂန့်ဂေါ ခရိုင် တပ်ရင်း (၁၅/၁၆/၁၇)-YRA ထီးလင်း တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့သို့ လက်နက်နှင့် တကွ အလင်းဝင် ရောက်ခဲ့သော တပ်သား ဟိန်းသူအောင်ကို ဂန့်ဂေါ ခရိုင် တပ်ရင်း (၁၅/၁၆/၁၇)-YRA ထီးလင်း တပ်ဖွဲ့က ငွေကျပ် ၆၅ သိန်း ဆုချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေ တစ်နေရာကို ပို့ ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။


အကြမ်းဖက် စစ်ခေါင်းဆောင် မိသား စုများ၏ အသက်အိုးအိမ် စည်းစိမ်များကို အသက်ပေး ကာကွယ်ရန် မထိုက်တန်ကြောင်း လက်ရှိတာဝန် ထမ်းဆောင်နေသည့် အကြမ်းဖက် စစ်တပ်မှ တပ်သား၊ အရာရှိအဆင့်ဆင့်များ နားလည် သဘောပေါက် ၍ ပြည်သူကို မျက်နှာမူ၍ CDM ပြုလုပ်ကြရန် တိုက်တွန်းထားကြောင်း Yaw Revol ution Army -ထီးလင်း က ပြောဆိုထားသည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...