Friday 30 August 2024

သပိတ်ကျင်းမြို့နယ် လေးမိုင်ရွာနဲ့ တာဝါတိုင်ကုန်းကို တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်


 သပိတ်ကျင်းမြို့နယ် လေးမိုင်ရွာနဲ့ တာဝါတိုင်ကုန်းကို တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်


မျက်မှောက်ခေတ်၊ဩဂုတ်(၃၀)


မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လေး

မိုင်ရွာနဲ့ တာဝါတိုင်ကုန်းက စစ်ကောင်စီတပ်

စခန်းကို ဩဂုတ်လ(၃၀)ရက်နေ့မှာ တော်လှ

န်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်

ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေး၀န်ကြီးဌာန ၊အမှတ်(၁)စစ်ဒေ

သက သတင်းထုတ်ပြန်ပါတယ်။


သပိတ်ကျင်းနယ် လေးမိုင်ရွာနဲ့ တာဝါတိုင်

ကုန်းက စစ်ကောင်စီတပ်ဖွဲ့ကို ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူးကွပ်ကဲမှုနဲ့ ဩဂုတ်လ 

(၂၉) ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်

ပြီး ဒီကနေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်း

ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့လက်

နက် (၁၃) လက်၊ ကျည် (၂၇၉၆) တောင့်၊ Dr

one Slayer (၂) လက်၊ ၆၀ မမ ဗုံးသီး (၄၃) လုံး၊ အီနာဂါ (၆) လုံးနဲ့ ကျည်အိမ် (၂၂) ခု သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ

ဖော်ပြပါတယ်။


သပိတ်ကျင်းနယ် လေးမိုင်ရွာနဲ့ တာဝါတိုင်

ကုန်း တိုက်ပွဲကို ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရ

င်း၊ ပြင်ဦးလွင်ခရိုင်/ သပိတ်ကျင်းမြို့နယ် ပကဖ၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...