Sunday 25 August 2024

မန္တလေးတိုင်း၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်း စစ်ဆင်ရေးများတွင် PDF/ပကဖ ရဲဘော်များ အင်အားထောင်ချီ ပါဝင်ဆင်နွှဲလျက်ရှိ


 မန္တလေးတိုင်း၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်း စစ်ဆင်ရေးများတွင် PDF/ပကဖ ရဲဘော်များ အင်အားထောင်ချီ ပါဝင်ဆင်နွှဲလျက်ရှိ

………………………………………….

၂၀၂၄ ခုနစ်၊ ဩဂုတ်လအတွင်း မန္တလေးတိုင်း၊ မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ရေးအောင်ပွဲတွေ ဆက်တိုက်ရရှိနေပြီး အဆိုပါ အောင်ပွဲတွေဟာ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသက PDF/ပကဖ ရဲဘော်များရဲ့ အောင်ပွဲတွေပဲ ဖြစ်ပါတယ်။


လတ်တလောဆိုရင်

- မန္တလေးတိုင်းထဲကပြင်ဦးလွင်ခရိုင်၊ တကောင်း၊သပိတ်ကျင်း

- မကွေးတိုင်းထဲမှာ ဂန့်ဂေါ

- စစ်ကိုင်းတိုင်းထဲက ရွှေဘိုခရိုင် ဒီပဲယင်း၊ 

- ချင်းတွင်းမြစ်ဝှမ်းက ဟုမ္မလင်း၊ဖောင်းပြင်၊မော်လိုက်၊ကောလင်းခရိုင် ပင်လည်ဘူး၊ ကသာခရိုင် အင်းတော်၊နဘား၊ကသာ၊ထီးချိုင့် စတဲ့ နယ်မြေတွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတာ တွေ့ရပါတယ်။


အဆိုပါ တိုက်ပွဲတွေဟာ ကာကွယ်ရေးဝန်ကြီးဌာန ၊အမှတ်(၁)စစ်ဒေသရဲ့ အစီအစဉ်နဲ့ ဆင်နွှဲနေတာပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အင်အား ထောင်နဲ့ချီ ပါဝင် တိုက်ပွဲဝင်နေကြပါတယ်။ 

လိုအပ်တဲ့ နယ်မြေနဲ့ လမ်းပိုင်းတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကလည်း ဝိုင်းဝန်းကူညီပေးလျက်ရှိကြောင်း သိရပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...