Sunday 25 August 2024

ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို ၁ လကြာ ပိတ်ဆို့ထားပြီးနောက် ယနေ့ နံနက် အစောပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းလိုက်ပြီး စခန်းကို မီးရှို့ရှင်းလင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ




 ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို ၁ လကြာ ပိတ်ဆို့ထားပြီးနောက် ယနေ့ နံနက် အစောပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းလိုက်ပြီး စခန်းကို မီးရှို့ရှင်းလင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ


ရန်ကုန်၊ ဩဂုတ် ၂၄ 


မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို ၁ လကြာ ပိတ်ဆို့ထားပြီးနောက် ယနေ့ နံနက် အစောပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းလိုက်ပြီး စခန်းကို မီး ရှို့ ရှင်းလင်းခဲ့ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖမှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ဇူလိုင် ၂၅ ရက်နေ့မှစတင်၍ ရေစကြိုမြို့နယ် မအူရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များက ပိတ်ဆို့ထားခဲ့ပြီး ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၂ နာရီခန့်အချိန်တွင် ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ ၂ နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ရဲစခန်းကို အပြီးသတ်သိမ်းပိုက်နိုင် ခဲ့ကြောင်း သိရသည်။


“တစ်လ အကြာပိတ်ဆို့ထားပြီးမှ ဒီနေ့ မနက်အစောပိုင်းမှာ ဝင်တိုက်ခဲ့တာ၊ စခန်း ထဲရောက်ဖို့ အပြန် အလှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီလာက်ကြာကြာဖြစ်သေးတယ်၊ အဲလိုဖြစ်ပြီးမှ စခန်းတစ်ခုလုံးထွက် ပြေးသွားတာ။ မော်တော် ဘုတ် နဲ့ ရေကြောင်းအတိုင်း ဆင်ဖြူရှင်တံတားဘက်ကို ပြေးသွားတာပါ” ဟု ရေစကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ထိုသို့ သိမ်းပိုက်ရရှိသည့် စခန်းအတွင်းမှ Jammer စက်အကြီး ၁ လုံး၊ M79 တစ်လက်၊ ၆၀ မမ ဗုံးသီး ၆ လုံး၊ အီနာဂါ ဗုံးသီး ၄ လုံး၊ G3 ကျည် အတောင့် ၂၈၀ ၊ ၉ မမ ကျည် အတောင့် ၅၀ ၊ ရှေ့ထွက်မိုင်း ၄ လုံး၊ မီးစက်တစ်လုံး၊ ဘတ္ထရီအိုး ၂ လုံးနှင့် အခြားအသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း၊ ထိုသို့ သိမ်းဆည်းပြီးနောက် စခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲပိုင်းတွင် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် ပကဖ နှင့် အတူ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသော Salingyi Special Task Force – SSTF ၊ မြိုုင်ပကဖ ၊ နွေဦးစစ်သည် ရေလယ်ကျွန်းဒေသစစ်ကြောင်းနှင့် ပခုက္ကူခရိုင်တပ်ရင်း ၉ တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့အောင်မြင်ခဲ့ကြောင်း သိရသည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...