Thursday 1 August 2024

မိုးမိတ်မြို့သိမ်းတိုက်ပွဲတွင် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီ၏ မိုးမိတ်ဗျူဟာစခန်းအခြေအနေများကို PLA က ထုတ်ပြန်ပြသ



 မိုးမိတ်မြို့သိမ်းတိုက်ပွဲတွင် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီ၏ မိုးမိတ်ဗျူဟာစခန်းအခြေအနေများကို PLA က ထုတ်ပြန်ပြသ 


ရန်ကုန်၊ ဩဂုတ် ၁ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့သိမ်းတိုက်ပွဲတွင် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီ၏ မိုးမိတ်ဗျူဟာစခန်းအခြေအနေများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတာ်-PLA က ထုတ်ပြန်ပြသသည်။  


ယမန်နေ့ ဇူလိုင်လ ၃၁ ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ ၂၁ လက် အောက်ခံ ခလရ ၃၄၈ တို့ အထိုင်ချထားသည့် မိုးမိတ်ဗျူဟာကုန်းကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၏ ဦးဆောင်မှုဖြင့် PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) နှင့် PDF တို့ ပူးပေါင်း၍ အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ 


၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်တဲ့ ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ တစ်လကျော်ကြာ တိုက်ပွဲဝင်ခဲ့ပြီး လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်တို့ကိုအံတုကာ မဟာမိတ်တပ်များနှင့်အတူ အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယမန်နေ့ မိုးမိတ်မြို့သိမ်းတိုက်ပွဲတွင် ဗျူဟာကုန်းနှင့် ဒိုးပင်ကျေးရွာတို့ကို စစ်ကောင်စီတပ်က Y12 နဲ့ ဗုံး အလုံး ၆၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


ယမန်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ကို TNLA ဦးဆောင်သော တော်လှန် ရေး တပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း TNLA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

 

ဇွန်လ ၂၅ ရက်နေ့မှစတင်ပြီး မိုးမိတ်မြို့နယ်ကို TNLA က စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွာပြီး ၃၆ ရက်အကြာ ယမန်နေ့ နံနက် ၁၁ နာရီအချိန် နောက်ဆုံးကျန်ရှိသော မိုးမိတ်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်းသိရှိရသည်။

 

မိုးမိတ်မြို့နယ်တွင် စကခ ၂၁ လက်အောက်ခံ ခလရ ၃၄၈ တပ်ရင်း၊ ခလရ ၂၇၆ တပ်ရင်းနှင့် ခလရ ၂၂၃ တို့ အခြေစိုက်ထားခြင်းဖြစ်သည်။ 


မိုးမိတ်မြို့နယ်သည် TNLA က သိမ်းပိုက်ရရှိသော တတိယမြောက်မြို့နယ်ဖြစ်ပြီး နောင်ချိုနှင့်မိုးကုတ်မြို့နယ်တို့ကို ရှေ့တွင် သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်သည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...