Thursday 1 August 2024

တိတ်တဆိတ် အရှိန်မြင့်လာတဲ့ ရှမ်းတောင် စစ်မျက်နှာ


 တိတ်တဆိတ် အရှိန်မြင့်လာတဲ့ ရှမ်းတောင် စစ်မျက်နှာ

…………………………………….


လားရှိုးမြို့ကို သိမ်းပိုက်ခြင်း အပါအဝင် ရှမ်းမန်း စစ်ဆင်ရေးကြောင့် လူအများစုရဲ့ အာရုံစိုက်မှုဟာ ရှမ်းမြောက်ဒေသပေါ်မှာ ရောက်ရှိနေပေမယ့်လဲ ရှမ်းတောင် စစ်မျက်နှာမှာလဲ ခုခံတိုက်ခိုက်မှု အရှိန်မြင့်လာပြီ ဖြစ်ပါတယ်။ လက်နက်ခဲယမ်း ထောက်ပံ့ရေးလွယ်ကူတဲ့ ရှမ်းမြောက်ဒေသ နဲ့ တောင်ပိုင်းဒေသတွေ ချိတ်ဆက်ရေး၊ စစ်တပ်ရဲ့ အသဲနှလုံးနေရာဖြစ်တဲ့ နေပြည်တော်ဒေသကို ထိုးဖောက်ဝင်ရောက်ရေးမှာ ရှမ်းတောင်ဒေသဟာ အချက်အခြာကျ တည်ရှိနေတာ ဖြစ်ပါတယ်။ အဲဒီ ဒေသမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် ရဲ့ (၁၀၀၀) ကျော် နံပတ်နဲ့ စတဲ့ တပ်ရင်းတွေ အခြေစိုက်ပါတယ်။ (၁၀၀၄) တပ်ရင်း (ပျဉ်းမနားဒေသ)၊ (၁၀၀၅) တပ်ရင်း ရှမ်းတောင် ဒေသ၊ (၁၀၀၆) တပ်ရင်း ဖယ်ခုံ ဒေသ၊ (၁၀၀၇) တပ်ရင်း မိုးဗြဲ ဒေသ၊ (၁၀၀၈) တပ်ရင်း ရှမ်းတောင် ဒေသ၊ (၁၀၀၉) တပ်ရင်း အင်းလေး ဒေသ နဲ့ တခြား တပ်ရင်း၊ တပ်ဖွဲ့ နဲ့ တော်လှန်ရေး အဖွဲ့တွေ စုဖွဲ့လှုပ်ရှားလျက်ရှိပါတယ်။ 


ဇူလိုင် (၁၈) ရက်နေ့က စတင်ပြီး နာမည်ကျော် ခရီးသွားလာရေး ဒေသဖြစ်တဲ့ ညောင်ရွှေ၊ အင်းလေး ဒေသ နဲ့ မိုင် (၂၀) ပတ်ခြာလည် ဒေသမှာရှိတဲ့ ပအိုဝ့် PNO လွယ်လုံ စခန်း နဲ့ စစ်တပ်ဂိတ် ၁ ခု ကို (၁၀၀၆)၊(၁၀၀၈)၊ (၁၀၀၉)၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်၊ ပျားစစ်ကြောင်း၊ KNDF တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်လျက်ရှိပါတယ်။ ဒါ့အပြင် ညောင်ရွှေမြို့နယ်တွင်းမှာရှိတဲ့ ထီးရီဗျူဟာ စခန်းကိုလဲ သွားရောက် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကို ကြည့်ရင် စစ်တပ်ခရိုနီတွေ ပိုင်ဆိုင်တဲ့ အင်းလေး ဟိုတယ်ဇုန် ဒေသမှာပါ တိုက်ခိုက်မှုတွေကို လုပ်ဆောင်နိုင်လာတာကိုတွေ့ရပါတယ်။ ငပလီ ကမ်းခြေမှာရှိတဲ့ ခရိုနီပိုင် ဟိုတယ်တွေကို အာရက္ခ တပ်တော်က သိမ်းယူနိုင်လိုက်သလို မကြာခင် အချိန်မှာလဲ အင်းလေး ဒေသမှာရှိတဲ့ စစ်တပ် နဲ့ ခရိုနီပိုင် ဟိုတယ်လုပ်ငန်းတွေကို တော်လှန်ရေး တပ်ဖွဲ့တွေ သိမ်းယူနိုင်တော့မှာဖြစ်ပါတယ်။ 


ဧပြီလ အတွင်းကလဲ အင်းလေး ညောင်ရွှေဒေသမှာ စစ်တပ် နဲ့ တော်လှန်ရေး အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ (၃၀) သေဆုံးခဲ့ပါသေးတယ်။ ရှမ်းတောင် ဒေသနားမှာ ရှိတဲ့ ရွာငံ မြို့နယ်၊ တောင်ဦး ရွာ နားမှာလဲ စစ်တပ် ကား (၅) စီးကို ဓနုပြည်နယ် အမျိုးသား ကာကွယ်ရေး တပ်မတော်က မေလ အတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား (၂) စီး ပျက်စီးခဲ့ပါတယ်။ ဓနု လူမျိုး အခြေပြု တပ်ဖွဲ့ တခု ဖြစ်တဲ့ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး (DPLF) ဟာလဲ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) မှာ ညီနောင် မဟာမိတ်တွေ နဲ့အတူ ရှမ်းမြောက် ဒေသမှာ တိုက်ပွဲဝင်လျက်ရှိပါတယ်။ 

အထက်ပါ တိုက်ပွဲတွေ နဲ့ တပ်စုဖွဲ့မှုတွေကို ကြည့်ရင် ရှမ်းတောင် ဒေသမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ တော်လှန်ရေး အဖွဲ့တွေ ခိုင်ခိုင်မာမာ စုဖွဲ့လှုပ်ရှားနိုင်နေတာကိုတွေ့ရပြီး မကြာခင် ကာလမှာလဲ ရှမ်းတောင် ဒေသမှာ စစ်ရေးလှုပ်ရှားမှုကြီးတွေ ထပ်မံ ပေါ်ပေါက်လာနိုင်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။ 


#PDFInsight

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...