Tuesday 10 September 2024

အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေက ဩဂုတ်လအတွင်း စစ်ရာဇဝတ်မှုပေါင်း ၃၀၀ကျော် ကျူးလွန်ခဲ့ပြီး ပြည်သူ ၂၀၁ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့


 အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေက ဩဂုတ်လအတွင်း စစ်ရာဇဝတ်မှုပေါင်း ၃၀၀ကျော် ကျူးလွန်ခဲ့ပြီး ပြည်သူ ၂၀၁ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ 


ရန်ကုန်| စက်တင်ဘာ ၉


အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေအနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုပေါင်း ၃၁၆ကြိမ် ကျူးလွန်ခဲ့တယ်လို့ Spring Revolution Database (SRD) ရဲ့ အချက်အလက် မှတ်တမ်းတွေက ဆိုပါတယ်။


စစ်ကောင်စီရဲ့ စစ်တပ်၊ အုပ်ချုပ်ရေးယန္တရားအဖွဲ့တွေ၊ ရဲတပ်ဖွဲ့၊ ပျုစောထီးတွေဟာ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်ဖမ်း ဆီးတာ၊ ဥပဒေမဲ့သတ်ဖြတ်တာ၊ အလောင်းဖျောက်ဖျက်တာ၊ မီးရှို့ဖျက်ဆီးတာ၊ နေအိမ်ပိတ်သိမ်းတာ၊ အကျဥ်းထောင်တွင်းရိုက်နှက်တာ၊ စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းတာ၊ အမျိုးသမီးတွေကိုအဓမ္မပြုကျင့်တာ၊ ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်၊ ဧည့်စာရင်းအကြောင်းပြဖမ်းဆီးတာနဲ့ စစ်မှုထမ်းဥပဒေကို အသုံးချ ပြီး ခြိမ်းခြောက်ငွေညှစ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ SRDက ဆိုပါတယ်။


SRDရဲ့ အချက်အလက် တွေအရ ဩဂုတ်လအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ကြောင့်အရပ်သားပြည်သူ ၂၀၁ဦး သေဆုံးထားပြီး EAOs နဲ့ PDF ၇၃ ဦးကျဆုံးထားတယ်လို့ သိရပါတယ်။


အရပ်သားပြည်သူတွေ သေဆုံးရတဲ့ အဓိကအကြောင်းအရင်းမှာ လေကြောင်းတိုက်ခိုက်မှု ကြောင့်ဖြစ်ပြီး သေဆုံးသူ ၈၃ဦးအထိရှိခဲ့တယ်လို့ ဆိုပါတယ်။


အာဏာသိမ်းစစ်ကောင်စီတပ်က ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၃၁၆ကြိမ် ပြုလုပ်ခဲ့ပြီး အများစုတိုက်ခိုက်ခံရတာက ရှမ်း ပြည်နယ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။


အာဏာသိမ်းစစ်ကောင်စီက ဩဂုတ်လအတွင်း အမျိုးသား ၅၄၂ဦးနဲ့ အမျိုးသမီး ၈၇ဦး စုစုပေါင်း ၁၁၉၈ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်တပ်က ပြည်နယ် နဲ့ တိုင်း ၅ခုမှာ အရပ်သားပြည်သူနေအိမ် ၁၅၅ လုံးကို သြဂုတ်လအတွင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း SRDရဲ့ အချက်အလက်တွေက ဆိုပါတယ်။


ဒါ့အပြင် ဩဂုတ်လအတွင်း မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျိုက္ကော်မှာ ဖမ်းဆီးခံထားရတဲ့ အုပ်ချုပ်ရေးမှူး ဦးအေးစိုးရဲ့ နေအိမ်၊ ပဲခူးမြို့နယ်အတွင်း က NLD ပါတီဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်၅လုံးနဲ့ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်က ဦးလေး၀င်း၊ ဦးခင် ဇော်နဲ့ ကိုထက်မြတ်စိုးတို့ရဲ့ နေအိမ် ၃လုံးတို့ကို ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။


အရပ်သားပြည်သူတွေအပေါ် ချိန်းခြောက်ငွေညှစ်မှုအနေနဲ့ ဩဂုတ်လအတွင်း စစ်ကိုင်းမှာ ၁ ကြိမ်၊ နေပြည်တော်မှာ ၁ ကြိမ်၊ ပဲခူးတိုင်းမှာ ၂ ကြိမ်၊ ရန်ကုန်တိုင်းမှာ ၂ ကြိမ်နဲ့ ဧရာဝတီတိုင်း မှာ ၄ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။


စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း အရပ်သားပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာ၊ ဧည့်စာရင်းအကြောင်းပြဖမ်းဆီးတာတွေကိုစစ်တပ်နဲ့ အတူ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှုးတွေနဲ့ ပျူစောထီးတွေက အင်တိုက်အားတိုက်လုပ်ဆောင်လာတယ်လို့လည်း SRDရဲ့ အချက်အလက်မှတ်တမ်းတွေက ဆိုပါတယ်။


စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုအပြင် သူတို့ကိုထောက်ခံတဲ့ နိုင်ငံခြားတိုင်းပြည်တွေက ဒရုန်းနည်းပညာနဲ့ လက်နက်တွေကို အသုံး ချပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတယ်လို့လည်း SRDရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော ပြည်သူများ။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...