Monday, 9 September 2024

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ


 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ


ရန်ကုန်၊ စက်တင်ဘာ ၈ 


ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း Royal Defence Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


စက်တင်ဘာလ ၇ ရက်နေ့တွင် နမ့်စန်မြို့နယ်၊ ခိုလန်မြို့ အခြေစိုက်တပ်ရင်း၌ တာဝန်ကျနေသော အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦးသည် ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ မိသားစုကို လာရောက်ခေါ်ဆောင်စဉ် အင်ပင်ကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။


“အင်းပင်ရွာမှာက စကစ ကာကင်းစခန်းရှိတယ်။ သူက အင်ပင်စခန်းနဲ့ မနီးမဝေးလောက်ကနေ လာ စောင့်ခေါ်တာ၊ သတင်းကကြိုရလို့ စကစ ကာကင်းစခန်းရှိတဲ့ အင်ပင်ရွာနားအထိကပ်ပြီး စောင့်ဖမ်း ခဲ့တာ၊ သူက ရှမ်းပြည်ခိုလန်ဘက်မှာ တာဝန်ကျနေတာ။အသေးစိတ်တော့စစ်ဆေးနေတုန်းပဲ” ဟု Royal Defence Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။


ထိုသို့ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းကို ကောင်းမွန်စွာထိန်းသိမ်းထားပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ထိုက်သင့်သည့် အပြစ်ပေးအရေးယူမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Royal Defence Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

2 comments:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...