Saturday 7 September 2024

ပင်လည်ဘူးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၀) ကျော် အလင်းဝင်၊ မြို့သိမ်းရန် ၂ နေရာကျန်ရှိ


 ပင်လည်ဘူးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၀) ကျော် အလင်းဝင်၊ မြို့သိမ်းရန် ၂ နေရာကျန်ရှိ


𝟳 𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 𝟮𝟬𝟮𝟰 – 𝗞𝗮𝗰𝗵𝗶𝗻𝘄𝗮𝘃𝗲𝘀


တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၀) ကျော် အလင်းဝင်ရောက်လာကြောင်း သိရသည်။


ဩဂုတ်လ ၃၀ ရက်နေ့တွင် ရဟတ်ယာဉ် (၄) စီးဖြင့် စစ်ကူချခဲ့သည့် စစ်ကောင်စီ စစ်သားအင်အား ၁၀၀ ခန့်တွင် အရာရှိ (၃) ဦးပါဝင်ပြီး၊ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး စုစုပေါင်း အယောက် (၈၀) ကျော်က လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။


"ညကြီးအလင်းဝင်လာတာ ဟုတ်ပါတယ်။ ၈၁‌ ယောက်ပါ လက်နက်တွေလည်း ပါတယ်။ အရာရှိ ၃ ယောက် အပါအဝင် ပျူစောထီး၊ စစ်ကောင်စီတပ်သားတွေနဲ့ ပေါ်တာဆွဲလို့ ပါလာတဲ့သူတွေ ပါတယ်။"ဟု ဆိုသည်။


ဩဂုတ်လ ၁၅ ရက်နေ့၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော ပင်လည်ဘူးမြို့တွင် စစ်ကောင်စီတပ်တို့ တပ်စွဲနေသည့် ထွေအုပ်ရုံး၊ ဘုရားကုန်း၊ စိုးမိုးကုန်းနှင့် ကျောက်တိုင်ကုန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့တို့က ရရှိထားပြီး၊ လက်ရှိ ရဲစခန်းနှင့် အာရှဘဏ်ကုန်းကို တိုက်ယူရန် ကျန်ရှိနေသေးကြောင်း ပြောပါသည်။


ပင်လည်ဘူးမြို့ကို ပြီးခဲ့သည့် မေလတုန်းကလည်း တော်လှန်ရေးတပ်ပေါင်းစုတို့က တိုက်ခိုက်ခဲ့ရာ ယခုတကြိမ်သည် (၅) ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...