Sunday 15 September 2024

ရွှေကျင်မြို့နယ်၊ တုံတံတားကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ရှင်းလင်း


 ရွှေကျင်မြို့နယ်၊ တုံတံတားကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ရှင်းလင်း


ရန်ကုန်၊ စက်တင်ဘာ ၁၅ 


ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ တုံးတံတားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ စခန်းကို တိုက်ခိုက် သိမ်းပိုက်ပြီး စခန်းကို မီးရှို့ရှင်းလင်းလိုက်ကြောင်း Spring Warriors Column မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်း ရွှေကျင်မြို့နယ်၊ တုံးတံတားကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်ရရှိခဲ့ပြီး ယင်းအကြမ်းဖက်စစ်တပ်စခန်းကို မီးရှို့ဖျက်ဆီးနေကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၄ တပ်ကလည်း တုံတံတားကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေ ကြောင်း သိရသည်။


“တုံးတံတားစခန်းကို သိမ်းပိုက်လိုက်ပြီ။ စခန်းကို မီးရှို့ဖျက်ဆီးနေပြီ။ အသေးစိတ်ကတော့ ဖုန်းလိုင်း အခက်အခဲရယ်၊ အင်တာနက်အခက်အခဲရယ်ကြောင့် အသေးစိတ်တော့ မသိရသေးဘူး။ သတင်းအ ပြည့်စုံသိရဖို့ကတော့ နည်းနည်းခက်နေတယ်။ လက်ရှိရရှိထားတဲ့သတင်းအရတော့ ကျနော်တို့ရဲ တော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Spring Warriors Column မှ တာဝန်ရှိသူတစ်ဦး က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


အလားတူ စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...