Sunday 15 September 2024

ကရင်နီ -ရှမ်းတောင် အစပ် လွိုင်လင်လေးမြို့တွင်းရှိ စစ်စခန်း အပါအဝင် စခန်း ၅ ခုကို တိုက်ခိုက်မှု စစ်သား ၃၀ ကျော်သေဆုံး၊ စစ်တပ်က ဒရုန်း လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး


 ကရင်နီ -ရှမ်းတောင် အစပ် လွိုင်လင်လေးမြို့တွင်းရှိ စစ်စခန်း အပါအဝင် စခန်း ၅ ခုကို တိုက်ခိုက်မှု စစ်သား ၃၀ ကျော်သေဆုံး၊ စစ်တပ်က ဒရုန်း လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး


ရန်ကုန်၊ စက်တင်ဘာ ၁၅ 


ကရင်နီပြည်နယ်နှင့် ရှမ်းတောင်နယ်စပ်ရှိ လွိုင်လင်လေးမြို့တွင်းရှိ စစ်စခန်း အပါအဝင် အကြမ်းဖက် စစ်ကောင်စီတပ် ကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးပြီး စစ်တပ်က ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း KNDF ဗဟိုက ပြောဆိုသည်။ 


စက်တင်ဘာလ ၅ ရက်နေ့မှစ၍ ကရင်နီ - ရှမ်းတောင်နယ်စပ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲစခန်း ချ ထားသည့် လွိင်လင်လေးမြိုတွင်းရှိ ကာကင်းစခန်းများ ၊ ကျောင်းကုန်း ၊ ကုန်းဆွတ် ၊ အောင်ပလ ၊ ကယန်းလေးတာဝါတိုင်ကုန်း စသည့်နေရာများတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းများအား တော်လှန်ရေးတပ်ပေါင်စုံမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာလ ၈ ရက်နေ့ထိ ၄ ရက်ကြာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ယင်းတိုက်ပွဲ ၄ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးကာ ၃ ဦး အရှင် ဖမ်းမိခဲ့ပြီး လက်နက်ကြီး/ငယ်အစုံ ၂၄ လက်ကို တော်လှန်ရေး တပ်ပေါင်းစုံမှ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။


တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်မှုများခဲ့၍ လေကြောင်းဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့သည့် အပြင် ဒရုန်းများ ၊ လက်နက်ကြီးများဖြင့်လည်း တောက်လျှောက်အသုံးပြု၍ တိုက်ပွဲဖြစ်ပွားနေသည့် နေရာမဟုတ်ဘဲ အရပ်သာပြည်သူများနေထိုင်ရာ လွိင်လင်လေးမြို့၊ ရပ်ကွက်အတွင်းရှိ နေအိမ်ပေါ် သို့ စစ်ကောင်စီဖက်မှ ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တို့ လုပ်ဆောင်ခဲ့ရာ ဒေသနေ အရပ်သား အမျိုးသမီး ၁ ဦး ၊ အမျိုးသား ၃ ဦး သေဆုံးခဲ့ရပြီး ၅ ဦးခန့် ထိခိုက် ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။


လက်ရှိအချိန်ကာလအထိ လွိင်ကော်-လွိင်လင်လေး-ဆီဆိုင် လမ်းမကြီးအနီး တွင်လည်း တော်လှန် ရေးတပ်များ နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ကြိုကြားထိတွေ့မှုများရှိနေခြင်းကြောင့် ဒေသခံများ နှင့်အတူ အများပြည်သူများအနေဖြင့် စစ်ရေးသတိကြီးစွာထား၍ နေထိုင်သွားလာကြပါရန် KNDF ဗဟိုက အသိပေးထုတ်ပြန်ထားသည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...