Sunday, 29 September 2024

CDFမတူပီ တပ်မဟာ(၁)ထံ အာရက္ခတပ်တော်မှ လက်နက်အချို့ ကူညီထောက်ပံ့



 CDFမတူပီ တပ်မဟာ(၁)ထံ အာရက္ခတပ်တော်မှ လက်နက်အချို့ ကူညီထောက်ပံ့


မျက်မှောက်ခေတ်၊ စက်တင်ဘာလ ၂၉


ချင်းပြည်သူ့ကာကွယ်ရေးတပ် မတူပီ၊ တပ်မဟာ (၁) ကို အာရက္ခတပ်တော်(AA) က လက်နက်ခဲယမ်းတချို့ ကူညီထောက်ပံ့တဲ့အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ CDF မတူပီ တပ်မဟာ(၁)က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။


အခမ်းအနားကို အာရက္ခတပ်တော် တပ်မှူးများ၊မတူပီ တပ်မဟာ(၁)တပ်မှူးများ၊တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အဖွဲ့အစည်းနှစ်ခုကြား အားကောင်းလာတဲ့ မဟာမိတ် ဆက်ဆံရေးတွေကို ဆက်လက်အားကောင်းရေး၊ စစ်ရေးပူးပေါင်းမှု ယခုထက်ပို အားကောင်းစေရေး၊အိမ်နီးနားချင်း အတူနေထိုင်လာခဲ့ကြတဲ့ လူမျိုးအချင်းချင်းကြား ချစ်ခင်ရင်းနှီးလာစေရေး တွေကို နှစ်ဖက်တပ်မှူးတွေက ပြောကြားခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


ဒါ့အပြင် ချင်းပြည်အတွင်းမှာရှိတဲ့ စစ်ကောင်စီ ကင်းစင်ရေး တိုက်ပွဲတွေမှာ အိမ်နီးနားချင်းပီသစွာနဲ့ ပူးပေါင်းတိုက်ပွဲဝင်ပေးခြင်းနှင့် လက်နက်ထောက်ပံ့ခြင်းတို့အပေါ် အာရက္ခတပ်တော်အား အထူးကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

3 comments:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...