Thursday, 26 September 2024

ညောင်ဦးမြို့နယ်ပကဖ ကို NUG လက်နက်တပ်ဆင်ပေး



 ညောင်ဦးမြို့နယ်ပကဖ ကို NUG လက်နက်တပ်ဆင်ပေး

 ==============

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန - MOD က လက်နက်တပ်ဆင်ခြင်းနဲ့ သင်တန်းဆင်းပွဲကို မနေ့ စက်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့တယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါ တယ်။


အဆိုပါ လက်နက်တပ်ဆင်ခြင်းအခမ်းအနားနဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတနေရာမှာ ပြုလုပ်ခဲ့ တာလို့ သိရပါတယ်။


MOD က လက်နက်တပ်ဆင်ပေးတာနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဆီက သိမ်းဆည်းရရှိတဲ့လက်နက်တွေနဲ့ဆိုရင် လက်ရှိမှာ တော်လှန်ရေးရဲဘော်အရေအတွက်ရဲ့ ၃ဝ ရာခိုင်နှုန်းခန့်သာ တပ်ဆင်ပေးနိုင်သေးတယ်လို့ ညောင်ဦးမြို့ နယ်-ပကဖ တာ ဝန်ရှိသူတဦးက ဆိုပါတယ်။


ညောင်ဦးမြို့နယ်-ပကဖနဲ့ ပူးပေါင်းအဖွဲ့တွေဟာ စက်တင်ဘာ ၂၀ ရက်နေ့က ညောင်ဦးမြို့နယ် ငါ့သရောက်-ဇဂျမ်းလမ်း အတိုင်း ကင်းပတ်ပြန်လာတဲ့ စစ်သားနဲ့ရဲတွေပါတဲ့ ကား၄စီးနဲ့ ဆိုင်ကယ်၃စီးပါ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ဦး သေဆုံးပြီး ၉ ဦး ပြင်းထန်ဒဏ်ရာရရှိကာ M-22 အမျိုးအစားသေနတ်တလက်သိမ်းဆည်းရရှိခဲ့ တယ်လို့ သိရပါတယ်။

2 comments:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...