Monday, 28 October 2024
ပုလဲနှင့် ရွှေဘိုတွင် ရဲတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးတစ်ဦး အလင်းဝင်လာ
ပုလဲနှင့် ရွှေဘိုတွင် ရဲတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးတစ်ဦး အလင်းဝင်လာ
ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ ပုလဲနှင့် ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၂၆ ရက်က ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်ကန့်ဒေါင့် အခြေစိုက်စခန်းမှ ရဲတပ်ကြပ်တစ်ဦး G-3 သေနတ်တစ်လတ်၊ကျည်အချို့၊လက်ပစ်ဗုံး တစ်လုံး ယူလာပြီး အလင်းဝင်လာကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောသည်။
အဆိုပါ ရဲတပ်ကြပ်အား ပအဖ၊ပကဖတို့မှ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၈၀၊ မြို့နယ်လူသားစာနာမှ တစ်သိန်းကျပ်နှင့်အဝတ်အစားများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၂၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ သီလုံးကျေးရွာနေ ပျူစောထီးတစ်ဦးသည် နယ်မြေခံ ပကဖ Daung Mann ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ချိတ်ဆက်ပြီး အလင်းဝင်လိုကြောင်း ဆက်သွယ်လာ၍ နယ်မြေခံ ပကဖနှင့် ရွှေဘိုခရိုင် တပ်ရင်း (၄)တပ်ခွဲ (၃)မှ သွားရောက်ခေါ်ဆောင်နိုင်ခဲ့ကြောင်း Snake Eyes-PDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။
၎င်းက ကာဘိုင် သေနတ်တစ်လက်၊ ကျည် ဘောက် နှစ်ခု၊ ကာဘိုင်ကျည် ၁၆၀ ယူဆောင်ကာ PDF ထံ အပ်နှံခဲ့ကြောင်း သိရသည်။
"သူက သီလုံးရွာက စစ်တပ်နဲ့ပျူတွေက ဖိအားပေးလို့ ဒီနှစ်(ဒီနှစ်၂၀၂၄ ခုနှစ်)မှာ ပျူထဲဝင်ခဲ့ရတာပြောတယ်။"ဟု Snake Eyes-PDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်ကိုင်းနှင့်မကွေးတိုင်းတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အလင်းဝင်ရောက်မှု ပိုမိုများပြားလာနေသည်။ ပြည်သူ့ရင်ခွင်အစီအစဥ်ကလည်း အကြောင်းအမျိုးမျိုးကြောင့် အပြီးတိုင် CDM မလုပ်ဆောင်နိုင်သေးသည့် သတင်းပေး၊ အမာခံဖရဲသီး (Pre-CDM) အဖြစ် ပါဝင်လိုသူများကို ထပ်မံ ဖိတ်ခေါ်ထားသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U ...
-
Thai military raids Mae Sot hideout of supposed anti-regime forces March 23, 2023 The Thai military raided a four-story building in Mae Sot...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...


Done
ReplyDelete