Wednesday 5 April 2023

စစ်တပ် လက်အောက်ခံ BGF ထိန်းချုပ်ထားသော မြ၀တီ၊ ရွှေက္ကိုလ်ဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းဖြင့် စစ်ကူပေ


 စစ်တပ် လက်အောက်ခံ BGF ထိန်းချုပ်ထားသော မြ၀တီ၊ ရွှေက္ကိုလ်ဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းဖြင့် စစ်ကူပေး


ရန်ကုန်၊ ဧပြီ ၅ 


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ စစ်တပ်လက်အောက်ခံ BGF ထိန်းချုပ် ထားသော ရွှေက္ကိုလ်ဒေသတွင် ယနေ့ နံနက်အစောပိုင်းမှစတင်၍ တိုက်ပွဲများ စ တင် ဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းဖြင့် စစ်ကူးပေး တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။


ဧပြီလ ၅ ရက်နေ့ နံနက် ၃ နာရီကျော်ဝန်းကျင်မှစတင်၍ စစ်တပ်လက် အောက်ခံ BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ်ဒေသ ၊ ထီးဝါးပလော၊ ထီးကော် ထောကျေးရွာများအနီးတွင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်း တပ်များ နှင့် စစ်တပ် လက်အောက်ခံ BGF တပ်များ စတင်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ် ကြောင်း၊ လက်ရှိအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရှိရသည်။ 


"ရွှေက္ကိုလ် BGF ထိန်းချုပ်နယ်မြေ ထီးကော်ထော ကျေးရွာ အနီးမှာ တိုက်ပွဲ တွေ ဖြစ်နေပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့အခြေနေအရ BGF သင်တန်း ကွင်းနားက လူအချို့တော့ သင်တန်းကွင်းနဲ့ ဝေးတဲ့နေရာ ဘက်ရှောင် နေကြတယ်။ မွန်းလွဲ ၁၂နာရီ ၄၅ မိနစ်နဲ့ မွန်းလွဲ ၁ နာရီ ဝန်းလောက်က စစ်ကောင်စီဘက်က လေယာဥ်ပစ်ကူလာတယ်။ ၁၀မိနစ် ၁၅မိနစ် လောက် တော့ ပစ်သွားတယ်။ လေယာဥ်ပါ ပါလာတော့ ပိုစိတ်ပူတာ။ မနက်ကတည်းက အခုထိ လက် နက် ကြီးအသံတွေတော့မရပ်သေးဘူး" ဟု ရွှေက္ကိုလ်ဒေသမှ ပြည်သူ တစ်ဦးက ပြောသည်။ 


စစ်တပ် လက်အောက်ခံ BGF တပ်ဖွဲ့မှ နိုင်မောင်ဇော်နှင့်အဖွဲ့က ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဘက်မှ လူ ၂ ဦးကို ဖမ်းဆီးခဲ့ပြီး ကျိုက်မရော ဘက်သို့ ပို့ဆောင် နေကြောင်း၊ ယင်းအခြေအနေများကြောင့် သာမက BGF က စစ် တပ်အတွက် ထောက်ပို့ လုပ်ကိုင်ပေးနေမှုများ ပိုမို တိုးမြှင့် ကူညီလာသော ကြောင့် စစ်ရေးအခြေအနေ တင်းမာလာနေကြောင်း သိရှိရသည်။ 


ရွှေက္ကိုလ်ဒေသတွင် စစ်တပ် လက်အောက်ခံ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက တရုတ်လုပ်ငန်းရှင်များနှင့်ပေါင်း၍ မြို့ပြစီမံကိန်းဟု အမည်တပ် ကာ လောင်းကစား၊ ကာစီနိုနှင့်တရားမဝင် လုပ်ငန်းများစွာကို အရှိန်အဟုန်ဖြင့် လုပ်ကိုင်လျက်ရှိနေသည့် နေရာလည်းဖြစ်သည်။  


ထို့ပြင် မြ၀တီမြို့နယ် သင်္ကန်းညီနောင်ဘက်တွင်လည်း တိုက်ပွဲများ ၃ ရက် ဆက် တိုက် ဆက်ဖြစ်နေပြီး မြ၀တီ-သင်္ကန်းညီနောင် အာရှလမ်းမကြီးကို ယာယီပိတ်ပင်ထားကြောင်း၊ ပြည်သူများ မထိခိုက်စေရေးအတွက် ပိတ် ပင်ထားခြင်းဖြစ် ကြောင်း သိရှိရသည်။ 


"သင်္ကန်းညီနောင်ဘက်မှာ စစ်ခွေးတွေ အပြင်မထွက်ရဲတော့ဘူး။ သူတို့ ခွေးခြံ ထဲမှာပဲ ဟိုပစ် ဒီပစ်လုပ်နေတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက အကုန် ထောက် ထားတယ်" ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။ 


ကရင်ပြည်နယ်တွင် ယခုသင်္ကြန်ကာလမတိုင်မီ မြို့ပြတိုက်ပွဲများ အထိ ကျယ်ပြန့်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် ခရီးသွားလာမှုများကို အထူး ရှောင်ကြဉ်ကြရန်လည်း တော်လှန်ရေး တပ်ဖွဲ့တချို့က အကြံပြု တိုက်တွန်းထားသည်။ 


ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ရွှေက္ကိုလ်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေစဉ်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...