Wednesday 5 April 2023

BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုမြို့သစ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ


 BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုမြို့သစ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ


နွေဦးမောင် /ဧရာဝတီတိုင်းမ်

(ကရင်ပြည်နယ်)/ဧပြီလ၅ရက်


ကရင်ပြည်နယ် ၊ မြဝတီမြို့ကြား ထိုင်း-မြန်မာနပ်စပ်ရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုဒေသတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၊BGF ပူးပေါင်းတပ်များသည် ယနေ့ ဧပြီ ၅ ရက်နေ့ နံနက်ပိုင်းက စတင်၍ တိုက်ပွဲဖြစ်ပွားလျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။ 


စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) စခန်းများကို KNLA ၊ KTLA ၊ PDF KNU ပူးပေါင်းတပ်ဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လေကြောင်း အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေ၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်


“မနက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ BGF တွေရဲ့ စိုးမိုးကုန်းတွေနှင့် စခန်းတွေကို သွားတိုက်တာ။ စခန်းအချို့ကို သိမ်းပိုက်နိုင်တယ်” ဟု မြေပြင် တိုက်ပွဲဝင်နေသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။


တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုများရှိနေပြီး စစ်ကောင်စီ၏ ထလော့စခန်း ဒေသအခေါ် လက်ညိုးကွေ့ကုန်း ၊ တော်နော် ရေတံခွန်အနီးတဝိုက်နှင့် ထီးကော့ထော့ နယ်များကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းထားနိုင်ပြီဖြစ်ကြောင်း သိရှိရသော်လည်း ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။ 


“ထီးကော့ထော့ အနားကိုတော့ သိမ်းထားပြီးပြီ။ စစ်ကောင်စီတပ်က နေ့လယ် ၁၂ နာရီလောက်ကတည်းက လေယာဥ်ပစ်ကူတွေ လာပစ်နေပြီး တာဝေးပစ် လက်နက် ကြီးတွေနဲ့ ပါအဆက်မပျက်ထုနေတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။ 


နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၁၅၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုသို့ရွှေ့ပြောင်းခြင်းများကို တော်လှန်ရေးအင်အားစုများက ကူညီ လုပ်ဆောင် ပေးနေကြောင်း သိရသည်။ 


#ကရင်ပြည်နယ် #ထိုင်းနယ်စပ် #ရွှေကုက္ကို #စစ်ကောင်စီတပ် #BGF #တိုက်ပွဲဖြစ်ပွား #Ayeyarwaddy_Times

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...