Thursday 6 April 2023

မဲဆောက်တွင် ဒဏ်ရာရ၍ ဆေးလာကုနေသည့် Lion Battalion စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော် ၃ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးက BGF ထံ အပ်နှံ၊ BGF ပစ်ခတ်သဖြင့် ၁ ဦးသေဆုံးပြီး ၂ ဦး စစ်ကောင်စီလက်ထဲတွင် စစ်ကြောခံနေရ


 မဲဆောက်တွင် ဒဏ်ရာရ၍ ဆေးလာကုနေသည့် Lion Battalion စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော် ၃ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးက BGF ထံ အပ်နှံ၊ BGF ပစ်ခတ်သဖြင့် ၁ ဦးသေဆုံးပြီး ၂ ဦး စစ်ကောင်စီလက်ထဲတွင် စစ်ကြောခံနေရ


ရန်ကုန်၊ ဧပြီ ၅


ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ဒဏ်ရာရ၍ ဆေးလာကုနေသည့် Lion Battalion စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော် ၃ ဦးကို ထိုင်းလူဝင်မှု ကြီးကြပ်ရေးက ဖမ်းဆီးပြီး မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့် BGF ထံ အပ်နှံလိုက်စဉ် ရဲဘော် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာများဖြင့် စစ်တပ် လက်ထဲသို့ ရောက်ရှိသွားကြောင်း အဆိုပါ စစ်ကြောင်း ရဲဘော်တစ်ဦးက အတည်ပြုပြောဆိုသည်။  


မတ်လ ၃၁ ရက်နေ့ ကျဆုံးရဲဘော် သရဲနီအတွက် အမိန့်ပြန်ရန် ရဲဘော်သီဟ ၊ ရဲဘော် စောဖြိုးလေး၊ ရဲဘော်ထက်နေဝင်းတို့သည် မဲဆောက်မှ မြ၀တီဘက်အခြမ်းသို့ ကူးစဉ် ရဲနှင့်စစ်တပ်က ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် ထိုင်းလ၀က အချုပ်တွင် ချုပ်နှောင်ပြီး BGF တပ်ဖွဲ့ထံ အပ်နှံရန် လုပ်ဆောင်ကြောင်း၊ ထိုသို့ လုပ်ဆောင်သည့်အတွက် ကမ်းမကပ်မီ တော်လှန်ရေး ရဲဘော် ၃ ဦးက ရေထဲခုန်ဆင်းရာ BGF တပ်ဖွဲ့က ပစ်ခတ်ကြောင်း၊ ရဲဘော်သီဟမှာ ကျည်ထိမှန်သေဆုံးပြီး ရဲဘော် စောဖြိုးလေးနှင့် ရဲဘော်ထက်နေဝင်းမှာ ဒဏ်ရာများဖြင့် BGF က ဖမ်းဆီးလိုက်ပြီး စစ်ကောင်စီလက်ထဲသို့ အပ်နှံလိုက်ကြောင်း သိရှိရသည်။ 


"ကျနော်တို့ ရဲဘော်တွေကို ပစ်ခတ်ပြီး စစ်ကောင်စီလက်ထဲအပ်တာက ဗိုလ်မှူးနိုင်မောင်ဇော်လို့ သိရတယ်။ ရဲဘော် တစ်ဦးကတော့ ရင်ဘတ်ကို ကျည်ထိပြီး ပွဲချင်းပြီးတယ်။ နောက် ၂ ဦးကတော့ ဒဏ်ရာတွေနဲ့ စစ်ကြောခံနေရတယ်လို့ သိရပါတယ်။ ထိုင်းရဲ့ ရပ်တည်ချက်က မေးခွန်း ထုတ်စရာပဲ။ ဒီဘက်က သွားထုတ်တဲ့လူတွေကို နောက်နေ့မှ လာဆိုပြီး BGF လက်ထဲကို အပ်လိုက်တာ"ဟု Lion Battalion စစ်ကြောင်းမှ တော်လှန်ရေး ရဲဘောက် ဆိုသည်။ 


တော်လှန်ရေးရဲဘော်များ လွတ်မြောက်ရေး ကြိုးစားသော်လည်း BGF က ခေါင်းမာစွာဖြင့် စစ်ကောင်စီလက်ထဲသို့ အပ်နှံခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...