Thursday, 6 April 2023
Cobra စစ်ကြောင်းမှူး ဗိုလ်ဒါဘောနှင့် တွေ့ဆုံမေးမြန်းခြင်း
"ဇော်မဲလုံးကို ပြောချင်တာက (မိုက်ရူးရဲဆန်တယ်ဆိုတာက) ကျနော့်ကို ပြောရမှာမဟုတ်ဘူး။ မင်းအောင်လှိုင် မျက်နှာကို ကြည့်ပြီးတော့ မင်းရဲ့ လုပ်ရပ်က မိုက်ရူးရဲဆန်တယ်ဆိုပြီး တော့ မင်းအောင်လှိုင်ကို မေးခွန်း ထုတ်ရမှာဖြစ်တယ်။ ပြည်သူလူထုကို ငါ့မှာ သေနတ်ရှိတယ် ငါလုပ် ချင်ရာလုပ်မယ်ဆိုတဲ့ အတွေးတွေကြောင့် တစ်နိုင်ငံလုံး မငြိမ်သက်မှုတွေ ဖြစ်လာတယ်"
ရန်ကုန်၊ ဧပြီ ၆
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ တွင် ကော်ဘရာစစ်ကြောင်း သည် အကြမ်းဖက် စစ်ကောင် စီတပ်များကို တစ်ချိန်လုံး တိုက်ခိုက်နှိမ်နင်းသော ကရင့်တိုင်းရင်းသား KNLA တပ်၏ စစ် ကြောင်း တစ်ခုဖြစ်ပြီး အဆိုပါ စစ်ကြောင်းကို လူငယ်မျိုးဆက်သစ် ဗိုလ်ဒါဘောက ဦးဆောင် လျက်ရှိသည်။
လွန်ခဲ့သော မတ်လအတွင်း စစ်ကောင်စီအတွက် အကြီးအကျယ် ငွေရှာပေးနေသည့် မြ၀တီ ကုန် သွယ်ရေးဇုန်ကို ကော်ဘရာစစ်ကြောင်းက ဦးဆောင်၍ တိုက်ခိုက်ခဲ့ရာ ရဲ ၁၁ ဦးသေဆုံးပြီး ရဲ ၈ ဦးကို အရှင်ဖမ်းမိခဲ့သည်။
ထိုအခြေအနေတွင် အကြမ်းဖက်စစ်တပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်းက မြ၀တီ ကုန် သွယ်ရေးဇုန်ကို တိုက်ခိုက်မှုသည် မိုက်ရူးရဲဆန်သော လုပ်ရပ်ဟု မီဒီယာများမှတစ်ဆင့် ထုတ် ဖော်ပြောဆိုသည်။
ကော်ဘရာစစ်ကြောင်း ဦးဆောင်သူ ဗိုလ်ဒါဘော၏ လက်ရှိ အခြေအနေအပေါ် သုံးသပ်ချက် များကို ကော်ဘရာ စစ်ကြောင်းက တရားဝင် ထုတ်ပြန်ထားရာ ယင်းအခြေအနေများကို ပြည်သူများ သိရှိနိုင်စေရေး ရန်ကုန်ခေတ်သစ်က ပြန် လည်တင်ဆက်ပေးလိုက်ပါသည်။https://youtu.be/ubLylIstzrQ
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...

-
တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၈၂ မြို့ ▪︎PDF တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၈ မြို့ရှိလာ -ဒီပ/ People's ...
-
တပ်ရင်းမှူးများရဲ့အခန်းကဏ္ဍ အရေးကြီးပြီ …………………………………………… အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ...
-
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
No comments:
Post a Comment