Friday 21 April 2023

ပုသိမ်ကြီးမြို့နယ်၊ မြကန်သာ စျေးအနီးတွင် စျေးဝယ်ထွက်လာသည့် စစ်သား ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာပြင်းထန်


 ပုသိမ်ကြီးမြို့နယ်၊ မြကန်သာ စျေးအနီးတွင် စျေးဝယ်ထွက်လာသည့် စစ်သား ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာပြင်းထန်


ရန်ကုန်၊ ဧပြီ ၂၀ 


မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု ၊ မြကန်သာစျေး အနီး တွင် ယူနီဖောင်းဖြင့် စျေးဝယ်ထွက်သည့် စစ်သား ၂ ဦး ပစ်ခတ်ခံရပြီး စစ်သား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရှိရသည်။ 


ဧပြီလ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ မြကန်သာကျေးရွာအုပ်ချုပ်ရေး မှူးရုံး အစောင့် စစ်သား ၂ ဦး သည် ယူနီဖောင်း အပြည့်အစုံဖြင့် မြကန်သာစျေးသို့ စျေးဝယ် ထွက်လာစဉ် သေနတ်ဖြင့် ၇ ချက် ပစ်ခတ်ခံရကြောင်း၊ စစ်သား ၁ ဦးမှာ နေရာ တွင်ပင် သေဆုံးခဲ့ပြီး ၁ ဦးမှာမူ ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း သိရှိရသည်။ 


"ပစ်တာက ကားနဲ့လာပစ်သွားတာလို့ ပြောတယ်။ စစ်သား ၁ ဦးကတော့ ပွဲချင်း ပြီးသေတယ်။ နောက်ထပ် စစ်သား ၁ ဦးလည်း သေဖို့များပါတယ်။ စစ်သား တွေက မြကန်သာအုပ်ချုပ်ရေးမှူးရုံးက စစ်သားတွေပါ။ စျေးဝယ်ထွက်လာတာ။ သူတို့ကလည်း ယူနီဖောင်းဝတ်ပြီး လူကြားထဲမှာ ဂရုမစိုက်တဲ့ပုံစံမျိုးနဲ့ စျေးဝယ် ထွက်တာ။ ဖြစ်စဉ်ကတော့ အမှန်ပါပဲ" ဟု မြကန်သာကျေးရွာမှ ပြည်သူ တစ်ဦးက ပြောသည်။ 


စစ်တပ်က ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့ဘက်သို့ အသွားလမ်းများကို ပိတ်ဆို့ စစ်ဆေးလျက်ရှိပြီး ပစ်ခတ်သွားသည့် ကားကိုလည်း ရှာဖွေလျက်ရှိ ကြောင်း၊ လက်ရှိအချိန်အထိ ပစ်ခတ်သွားသည့် အဖွဲ့မှာ လွတ် မြောက် သွားကြောင်း သိရှိရသည်။


ဓာတ်ပုံ- သေဆုံးသွားသော အကြမ်းဖက်စစ်သား။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...