Friday, 12 May 2023
အလွန်အင်အားကောင်းသော မိုချာဆိုင်ကလုန်း မုန်တိုင်းက တစ်နာရီ လေတိုက်နှုန်း ၁၂၆ မိုင်နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်နိုင်
အလွန်အင်အားကောင်းသော မိုချာဆိုင်ကလုန်း မုန်တိုင်းက တစ်နာရီ လေတိုက်နှုန်း ၁၂၆ မိုင်နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်နိုင်
■ စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်တို့က မုန်တိုင်းတိုက်ခတ်မည့် အန္တရာယ်အများဆုံးဇုန်တွင် ပါဝင်နေ
ရန်ကုန်၊ မေ ၁၂
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော မိုချာဆိုင်ကလုန်း မုန်တိုင်းသည် အလွန်အင်အားကောင်းသော မိုချာဆိုင်ကလုန်းမုန်တိုင်းအဖြစ် သို့ ယနေ့ ရောက်ရှိနိုင်ပြီး တစ်နာရီလျှင် လေတိုက်နှုန်း ၁၂၆ မိုင်နှုန်း( 110 knots) ဖြင့် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည် ဝင်ရောက်တိုက်ခတ်နိုင်ကြောင်း မြန်မာ အပါအဝင် နိုင်ငံတကာ မိုးဇလဌာနများက သတင်းထုတ်ပြန်ထားသည်။
မြန်မာမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဆိုင်ကလုန်း “မိုခါ (MOCHA)”သည်မေလ ၁၂ ရက်နေ့တွင် အားအလွန်ကောင်း သော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)” အဖြစ်သို့ ရောက်ရှိနိုင်ပြီး မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့(Cox’s Bazar) နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ (Kyaukpyu)တို့ကြား စစ်တွေ မြို့ (Sittwe)အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
မုန်တိုင်းလေ့လာစောင့်ကြည့်ရေး Joint Typhoon Warning Center ကမူ လာမည့် ၄၈ နာရီအတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြီးသည် လေတိုက်နှုန်း တစ်နာရီလျှင် ၁၂၆ မိုင်နှုန်းမှ ၁၅၅ မိုင်နှုန်း ( 110 to 135 knots) ရောက်ရှိနိုင်ကြောင်း၊ မေလ ၁၄ ရက်နေ့သည် မုန်တိုင်း၏ အားအကောင်းအဆုံးအဖြစ် ခန့်မှန်းထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် မိုခါ ဆိုင်ကလုန်မုန်း ဝင်ရောက်ချိန် အန္တရာယ်ဇုန် ၃ ခုကို ဖော်ပြထားပြီး အန္တရာယ်အများဆုံး ဇုန် ၁ တွင် စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်တို့ ပါဝင်မည်ဖြစ်ကြောင်း၊ ဒုတိယအန္တရာယ်အများဆုံးဇုန်တွင် ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ်၊ စနဲမြို့နယ်၊ မာန်အောင်မြို့နယ်၊ သံတွဲမြို့နယ်တို့ ပါဝင်ကြောင်း၊ တတိယအန္တရာယ်အများဆုံးဇုန်တွင် သံတွဲခရိုင်၊ ပုသိမ်ခရိုင်အတွင်းမှ မြို့များပါဝင်ကြောင်း ဖော်ပြထားသည်။
မုန်တိုင်းကြောင့် သက်ရောက်မှု ရှိနိုင်သည့် အန္တရာယ်ဇုန် ၃ ခုတွင် ပါဝင်နေသော ဒေသများတွင် လေပြင်းတိုက်ခိုက်ခြင်း၊ လှိုင်းကြီးခြင်း၊ မိုးသက်လေပြင်းကျရောက်ခြင်း၊ မြေပြိုခြင်း၊ ရေလွှမ်းမိုးခြင်း အန္တရာယ်များ ကြုံတွေ့နိုင်သဖြင့် အထူးသတိပြု နေထိုင်ကြရန် နှိုးဆော်ထားသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U ...
-
Thai military raids Mae Sot hideout of supposed anti-regime forces March 23, 2023 The Thai military raided a four-story building in Mae Sot...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

No comments:
Post a Comment