Friday 12 May 2023

ယောကာကွယ်ရေးတပ် - YDF ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားပြုလုပ်


 ယောကာကွယ်ရေးတပ် - YDF ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားပြုလုပ်


ရန်ကုန်၊ မေ ၁၂ 


ယောကာကွယ်ရေးတပ် - YDF ၂နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို ယောကာကွယ်ရေးတပ်ဗဟိုဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြသည်။


အခမ်းအနားတွင် ယောကာကွယ်ရေးတပ် - YDF ၏ဦးဆောင်သူ ကိုမြတ်သူမှ မိန့်ခွန်းပြောကြားခဲ့ပြီး 

ဦးစွာပထမ ယောကာကွယ်ရေးတပ် - YDF အလံ‌တော်ကို အလေးပြုခြင်း၊ ကျဆုံးခဲ့ကြသော ယောကာကွယ်ရေးတပ် - YDF ၏ အာဇာနည်သူရဲကောင်းများကိုအလေးပြုခြင်း၊ ယောကာကွယ်ရေးတပ် - YDF ၏ သစ္စာအဓိဌာန် (၅)ချက်ကို ရွတ်ဆိုခြင်းနှင့် စစ်ကြောင်း ၅ ကြောင်းချီတက်၍ ယောကာကွယ်ရေးတပ် - YDF ၏ ဦးဆောင်သူကို အလေးပြုခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း ၊ အခမ်းအနားကို ယောကာကွယ်ရေးတပ် - YDF ၏တာ၀န်ရှိသူများအပြင် မဟာမိတ်အဖွဲ့အစည်းမှ ခေါင်းဆောင်များလည်းတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...