Friday 12 May 2023

စစ်ကောင်စီတပ်က လေထီးနဲ့ချပေးတဲ့ အထုပ်တချို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရရှိ



 စစ်ကောင်စီတပ်က လေထီးနဲ့ချပေးတဲ့ အထုပ်တချို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရရှိ


ရန်ကုန်၊ မေ ၁၂


ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ အကြစစ်ကောင်စီတပ်ဖွဲ့က ရဟက်ယာဉ်နဲ့ လာချပေးတဲ့ လက်နက်ခဲယမ်းအထုပ်တချို့ကို ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ CDF-Hakha ပူးပေါင်းတပ်ဖွဲ့က ရရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ် The Chin Journal ကဖော်ပြထားပါတယ်။


မေလဆန်းပိုင်းမှာ ဟားခါး-ဂန့်ဂေါလမ်းပိုင်းဖက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ရဟက်ယာဉ်နဲ့ လက်နက်ခဲယမ်းအထုပ် ၂၀ ဝန်းကျင်ကို လေထီးနဲ့ လာချပေးခဲ့ရာမှာ အဲ့ဒီထဲက အထုပ်တချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရရှိခဲ့တာဖြစ်ပါတယ်။


ဂန့်ဂေါမြို့နယ်က ဟားခါးဘက်ကိုစစ်ကောင်စီစစ်ကြောင်းထိုးလာကတည်းက ဂန့်ဂေါ - ဟားခါးလမ်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။ 


မေ ၁၁ ရက်နေ့ကလည်း ဟားခါး-ဂန့်ဂေါလမ်းပိုင်း နေရာတစ်ချို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ CNA၊ CDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

1 comment:

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...