Thursday 31 August 2023

ငွေတောင်ရွာသစ် ရက်ရှည်တိုက်ပွဲ ဒရုန်းနဲ့တိုက်ခိုက်မှု စစ်ကောင်စီ အရာရှိ ၂ ဦးအပါအဝင် စစ်သား ၃၀ ကျော် သေဆုံး


 ငွေတောင်ရွာသစ် ရက်ရှည်တိုက်ပွဲ ဒရုန်းနဲ့တိုက်ခိုက်မှု စစ်ကောင်စီ အရာရှိ ၂ ဦးအပါအဝင် စစ်သား ၃၀ ကျော် သေဆုံး


မဲခေါင်၊ သြဂုတ် ၃၁


ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း၊ ငွေတောင်ရွာသစ်ကျေးရွာ အနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ သြဂုတ်လ ၂ ရက်စပြီး ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေရာ စစ်ကောင်စီဘက်က အရာရှိ အပါအဝင် စစ်သား ၃၀ ကျော် သေဆုံးခဲ့တယ်လို့ Battle Wings တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။


တိုက်ပွဲ စတင်ပြီးနောက် သြဂုတ်လ ၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ဒရုန်းစစ်ဆင်ရေး အကြိမ် ၂၀ နဲ့ ဗုံးသီး ၅၄ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အရာရှိ ၂ ဦး အပါအဝင် စစ်သား ၃၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။


"သေတာ အတည်ပြုတာက ၁၀ ရက် တစ်ရက်တည်းမှာ ဒကစ အတည်ပြုထားတာရှိတယ်။ အဲ့ရက် မတိုင်ခင်ကလည်း သူတို့ အလောင်းတွေ မြှုပ်ထားတာတွေ တွေ့ရတယ်" လို့ သူက ပြောပါတယ်။


ဒရုန်း စစ်ဆင်ရေးကို Battle Wings အဖွဲ့၊ အမှတ် (၁၁၀၆) တပ်ရင်း၊ T2S2 နည်းပညာ ထုတ်လုပ်ရေးအဖွဲ့နဲ့ မြေပြင်ပူးပေါင်းတပ်တွေ အဓိက ပြုလုပ်တယ်လို့ ဆိုပါတယ်။


ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် သြဂုတ်လ ၂ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်လာရာ စစ်ကောင်စီဘက်က အထိနာပြီး လက်နက်ခဲယမ်းတွေ ဆုံးရှုံးရတာကြောင့် လက်နက်ကြီးနဲ့ လေကြောင်းကို ပိုမိုအသုံးပြု ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ တိုက်ပွဲ၀င် ရဲဘော်တွေက ပြောပါတယ်။


စစ်ကောင်စီတပ်ဟာ ဒီနေ့ မနက် ၄ နာရီကျော်မှာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်ပြည်သူတွေ ရှိရာနေရာကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။


CJ-004

#MeKongNews 

#ငွေတောင်ရွာသစ်

#Battle_Wings

#လက်နက်ကြီး

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...