Friday, 1 September 2023
ရွှေဘိုမြို့ အဝင်၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ပခုက္ကူတွင် ပျူစောထီးများ လိုက်ပါလာသော ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်
ရွှေဘိုမြို့ အဝင်၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ပခုက္ကူတွင် ပျူစောထီးများ လိုက်ပါလာသော ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင် မုဒ်ပေါက်အနီး တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့ထံမှ သိရသည်။
ဩဂုတ်လ ၂၈ ရက်နေ့က ရွှေဘိုမြို့မုဒ်ပေါက်အနီး အထိုင်ချတပ်စွဲကာ ဘန်ကာတွင်း ပုန်းအောင်း လျက် ရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်အချိန်းအပြောင်းပြုလုပ်စဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို BLACK WOLF - ARMY နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသော Who am i - army ၊ Forest Fighter တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့မှ ရေစကြိုမြို့လာသော ပျူစောထီးများ လိုက်ပါလာသည့် Alphard ကားတစ်စီး ကို ပစ်ခတ်သတိပေးခဲ့ကြောင်း Young Force UG တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ စက်တင်ဘာလ ၁ ရက် ညနေပိုင်းက ပခုက္ကူမြို့မှ ရေစကြိုမြို့ဘက်သို့ထွက်လာသော မှန်ချ ထားခြင်းမရှိသော ဆင်းချောင်းကျေးရွာနှင့် ဂွေးချိုကျေးရွာမှ ပျူစောထီးများလိုက်ပါလာသည့် Alphard ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ မသင်္ကာဖြစ်ပြီး ပြည်သူများပါလာမည်စိုးရိမ်သဖြင့် ကားဘီးနှင့်အောက်ပိုင်းကို အဓိကထားကာ ပစ်ခတ်တိုက်ခိုက်ခဲ့ရကြောင်းသိရသည်။
မိဘပြည်သူများထိခိုက်နစ်နာမည်စိုးရိမ်သည်ကို ငဲ့ကွက်လိုက်ရသဖြင့် လက်နက်ရရှိမည့်အခွင့်အရေး ဆုံးရှုံးခဲ့ရပြီး နောက်နောင်တွင် မှန်ချထားခြင်းမရှိသော မည့်ကားမျိုးကို မဆို ပစ်ခတ်တိုက်ခိုက်သွား မည်ဖြစ်ကြောင်း၊ နောက်ဆက်တွဲအကျိုးဆက်ကို တာဝန်ယူမည်မဟုတ်ကြောင်း Young Force UG တပ်ဖွဲ့မှ အသိပေးထားသည်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင်တပ်ရင်း ၁၃ ၊ ပခုက္ကူမြိုနယ် ပကဖ တပ်ခွဲ ၂ ၊ Young Force (UG)၊ Shwe Nyar Myae (PDF) နှင့် Pakokku Ranger တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U ...
-
Thai military raids Mae Sot hideout of supposed anti-regime forces March 23, 2023 The Thai military raided a four-story building in Mae Sot...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

No comments:
Post a Comment